• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

ဘင်္ဂလီ အလုပ်သမားများနှင့် ရန်ဖြစ်မူ မြန်မာ ဘုတ်သမားများ တာကာ ၅၀၀၀၀ ဒဏ်တပ်ခံရ


2/3/2010
Adjust font size:  

မောင်အေး (နိရဉ္စရာ) ဘင်္ဂလာဒေ့ခ်ျနိုင်ငံ တက်ကနက်ဆိပ်ကမ်းတွင် မကြာသေးမီက မြန်မာဘုတ်သမားများနှင့် ဘင်္ဂလီ အလုပ်သမားတို့ ခိုက်ရန်ဖြစ်ပွားခဲ့ရာတွင် မြန်မာ ဘုတ်သမားများက တာကာငွေ ၅၀၀၀၀ လျော်ကြေး ပေးခဲ့ရသည်ဟု သိရသည်။

မြန်မာ ဘုတ်သမား တဦးက “ဘင်္ဂလီ အလုပ်သမားတွေ အပြင်းအထန် ဒဏ်ရာ ရရှိသွားခဲ့တဲ့ အတွက် စီးပွားရေး ကုမ္ပဏီက လူကြီးတွေ ဖြေရှင်းတဲ့အခါ မြန်မာ ဘုတ်သမားတွေ လွန်တယ်ဆိုပြီး ဆုံးဖြတ်တဲ့ အတွက် ဆေးကုခ ဒဏ်ငွေ ၅၀၀၀၀၊ ကျပ်ငွေနဲ့ ဆိုရင် ခုနှစ်သိန်း ငါးသောင်းခန့် ပေးခဲ့ ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အဆိုပါ ရန်ပွဲမှာ ဘော်လုံးကန်ရာမှ စတင်ခဲ့ပြီး မြန်မာ ဘုတ်သမားများ၏ တိုက်ခိုက်မူကြောင့် ဘင်္ဂလီ အလုပ်သမား (၅) ဦးခန့်မှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့သည်။

မြန်မာ ဘုတ်သမားများမှ အဆိုပါငွေကို မြန်မာဘက်မှ ရောက်ရှိနေသော ဘုတ်များမှ ကောက်ယူပြီး ပေးခဲ့ရသည်ဟု သူက ပြောသည်။

၎င်းနောက်ပိုင်းတွင် မြန်မာမှ ကုန်တင်ဘုတ်များ တက်ကနက် ဘောင်တော် ဆိပ်ကမ်းသို့ ၀င်ရောက်မူမှာ သိသိသာသာ လျော့နည်းသွားခဲ့သည်ဟု ဆိပ်ကမ်းတွင် အလုပ် လုပ်နေသော အရာရှိ တဦးက ပြောသည်။

“အခုတော့ မြန်မာဘက်ကဘုတ်တွေ အ၀င်နည်းသွားတယ်။ ဘုတ်သမားတွေလည်း ငွေ လျှော်ရတာကို သိပ်ကျေနပ်ပုံမရဘူး။ ဒီဘက်ကအားများတာရယ်။ နောက်ပြီး ကိုယ့်ပြည် ကိုယ့်ရပ် မဟုတ်တဲ့ အတွက် ပေးသွားရတာဘဲဖြစ်တယ်။ သိပ်တော့မကျေနပ်ကြဘူး”ဟု သူကပြော သည်။

ယခင်က တနေ့တွင် မြန်မာဘက်မှ ဘုတ်အစီး ၂၀ နီးပါး နေ့စဉ် ၀င်ထွက်မှုရှိခဲ့ သော်လည်း ပြဿနာဖြစ်ပြီးနောက် ယခုအခါ တနေ့ ဘုတ်အနည်း သုံးလေးစီးသာ ၀င်ရောက်နေသည်ဟု သိရသည်။

တက်ကနက် ဆိပ်ကမ်းမှ အမည်မဖော်လိုသူ ရခိုင် လူငယ် တဦးကလည်း “အယင်က တနေ့ကို အစီး ၂၀ လောက်ထိ နေ့တိုင်း ၀င်ပါတယ်။ အခုတော့ ၁၀ စီးတောင်မပြည့် ဘူး။ ဒီမှာ ရန်ဖြစ်ခဲ့တာနဲ့ လည်း ဆိုင်တယ်။ နောက်ပြီး ဗမာပြည်ကနေဗီတွေ ပင်လယ်မှာ ထွက်နေ ရင်လည်း ခုလို တခါတခါ အ၀င်နည်းသွား တတ်ပါတယ် ” ဟု ပြာသည်။

အဆိုပါ တက်ကနက် ဆိပ်ကမ်းတွင် ဇန္န၀ါရီလ ၂၇ နေ့က မြန်မာနိုင်ငံမှ ရောက်ရှိနေသည့် ဘုတ် သမားများနှင့် ဘင်္ဂလီ ဆိပ်ကမ်း အလုပ်သမားများ ဘော်လုံး ကန်ပြီး ရေချိုးရာတွင် ခိုက်ရန်ဖြစ်၍ အနည်းဆုံး ၁၀ ဦးခန့် ဒဏ်ရာရရှိပြီး အလုပ်သမား ၅ ဦးကို ဆေးရုံ တင်ခဲ့ရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |