• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

နှစ် ၁၅၀၀ ကျော်က ဗုဒ္ဓ ကျောင်းတော်ကြီး ဘင်္ဂလာဒေခ်ျ့တွင် တူးဖေါ်တွေ့ရှိ


2/4/2010
Adjust font size:  

မောင်ရမ္မာ (နိရဉ္စရာ) ဘင်္ဂလာဒေ့ခ်ျနိုင်ငံ အနောက်မြောက်ပိုင်း ပေါင်စောင်ဂေါ် ခရိုင်တွင် လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၀၀ ကျော်က တည်ဆောက်ခဲ့သော ဗုဒ္ဓ ကျောင်းတော်ကြီး တခုကို ဇန္န၀ါရီလ ၁၀ ရက်နေ့က မြေအောက်မှ တူးဖေါ် တွေ့ရှိသည်။

ကျောင်းတော်ကို ပေါင်စော်ဂေါ်မြို့မှ ၁၆ ကီလိုမီတာ အကွာတွင် တည်ရှိသော အော်မိုခါနာ မြို့နယ်ခွဲရှိ ဘိတောဂေါ်ရ် ကျေးရွာရှိ ရှင်ဘုရင် တပါးပါး နေခဲ့သည်ဟု ခန်းမှန်းရသော တောင်ကုန်းကို တူးဖေါ်စဉ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တူးဖေါ်ရာကို ဦးဆောင်သူ တဦးဖြစ်သည့် ရှေ့ဟောင်း ဦးစီးဌာနမှ ဒေါက်တာ ချာဟာနာ ဟူဆေ ဂျာဟန်က အဆိုပါ ကျောင်းတော်ကို အေဒီ ၆ ရာစုနှင့် ၇ရာစု အတွင်းက တည်ဆောက်ခဲ့သော ကျောင်းတော်ကြီး တခု ဖြစ်သည်ဟု ပြောသည်။

၎င်းပြင် သူမက ကျောင်းတော်မှာ ရှေးခေတ် ကုန်ပိုင်း ကုန်သွယ်သွားလာရာ လမ်းတွင် တည်ရှိခဲ့သဖြင့် တိဗက်၊ ဘူတန်၊ နီပေါနှင့် အိန္ဒိယ ဘီဟာ တို့နှင့် ဆက်စပ်မူ ရှိကြောင်း ပြောသည်။

တူးဖေါ် တွေ့ရှိခဲ့သော ဘုန်းတော်ကြီးကျောင်းမှာ အလွန်ကျယ်ဝန်းပြီး အခန်းများကို အုတ်များနှင့် တည်ဆောက်ထားသဖြင့် ယခင်က ဘာသာရေး ခေါင်းဆောင်များကို အသိအမှတ်ပြုပြီး တည်ဆောက် ပေးခဲ့သည့် ကျောင်းတော် အဆောက်အဦး တခု ဖြစ်နိုင်သည်ဟု သူမက ခန်းမှန်း ပြောဆိုသည်။

၎င်းနေရာတွင် အဆိုပါအဆောက်အဦးမျိုး တည်ရှိမည်ဟု ရှေးဟောင်း ဦးစီးဌာနမှ ခန်းမှန်းထားခဲ့ပြီး ဒက္ကားမြို့ရှိ
University of Liberal Arts Bangladesh ကျောင်းမှ ပါမောက္ခ ချာလာနာ ဟူဆေ ဂျာဟန်မှ ဦးဆောင်ပြီး အဆိုပါ ကျောင်းမှ နောက်ဆုံးနှစ် ကျောင်းသားများနှင့် သွားရောက်တူးဖေါ် ခဲ့ခြင်း ဖြစ်သည်။

ကျောင်းတော်ကို ၂၀၀၉ ခုနှစ် ဇန္န၀ါရီလ ကပင် စတင်ရှာဖွေတူးဖေါ်နေခဲ့ရာ ယခုနှစ် ဇန္န၀ါရီလ ၁၀ ရက်နေ့တွင် အဆိုပါ အဆောက်အဦးကို စတင် တွေ့ရှိ ခြင်းဖြစ်သည်။

ယခုတွေ့ရှိခဲ့သော အဆောက်အဦးကို အေဒီ ၇ ရာစုအတွင်းက ပြုလုပ်သော အုတ်များဖြင့် တည်ဆောက်ထားပြီး အာရှတွင် အကြီးဆုံး အဆောက်အဦးကြီး တခု ဖြစ်နိုင်သည်ဟု အဆိုပါ တူးဖေါ်ရေး အဖွဲ့က ခန်းမှန်းထားသည်။

ဒေသခံများကမူ ၎င်းနေရာကို ရှေးဟောင်းမြို့တော် အဖြစ် သတ်မှတ်ပေးရန် အစိုးရကို တောင်းဆိုထားသည်ဟုလည်း သိရသည်။

အလားတူ အဆိုပါနေရာမှာ ရှေးဘုရင်များက တိဘက်၊ ဘူတန်၊ တရုတ်၊ နီပေါ၊ အိန္ဒိယ၊ ပါကိစ္စတန်နိုင်ငံများနှင့် စီးပွားရေးအရ ဆက်သွယ်ရာတွင် ဗဟိုဌာနချုပ်အဖြစ် အသုံးပြုခဲ့သော နေရာလည်း ဖြစ်နိုင်သည်ဟုလည်း ခန်းမှန်းပြောဆိုနေကြသည်။

ယခုတွေ့ရှိသော အဆောက်အဦးသည် ယခင်က ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်း အာသံ၊ ကုစဘီဟ၊ မိန်နာမူတီ၊ ပါဟပူလ်၊ မော်ဟာစ်ထန်နော် ဒေသများတွင် တူးဖေါ်တွေ့ရှိခဲ့သော အဆောက် အဦးများနှင့် တူညီသည်ဟု သိရသည်။

ယခုတွေ့ရှိသော အဆောက်အဦးနှင့်အတူ တခြားအဆောက်အဦးဟောင်း ၁၂ ခုကိုလည်း တူးဖေါ်တွေ့ရှိထားသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |