• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

လေယာဉ်ကွင်းကို တပ်ပိုင်မြေ အဖြစ် ပြုလုပ်မှု ဌာနဆိုင်ရာ အကြား အငြင်းပွားနေ


2/5/2010
Adjust font size:  

မင်းအောင် ချင်းပြည်နယ် ပလက်ဝမြို့နယ် အတွင်းရှိ စိမ့်စမ်းဝ လေယာဉ်ကွင်းဟောင်းကို တပ်ပိုင်နယ်မြေ အဖြစ် ပြုလုပ်ရန် စီစဉ်မှုမှာ ယခုအခါ အငြင်းပွားမှု ဖြစ်ပွားနေသည်ဟု သိရသည်။

အမည် မဖေါ်လိုသူ ရုံးဝန်ထမ်း တဦးက “ ခမရ ၂၈၉ တပ်ရင်းက စိမ့်စမ်းဝ လေယာဉ်ကွင်းကို တပ်ပိုင်မြေ အဖြစ် ပြုလုပ်မယ် ဆိုပီး ပလက်ဝမြို့ အထွေထွေအုပ် ချုပ်ရေးမှူးရုံးကို အကြောင်းကြား လာပါတယ်။ တာဝန်ရှိသူတွေက အဲဒီမြေနေရာဟာ ပို့ဆောင်ဆက်သွယ် ရေးဝန်ကြီးဌာနပိုင် ဟုတ်မဟုတ် အထောက်အထား ပြရမယ်။ ၀န်ကြီးဌာနပိုင်ဟုတ်ရင် အဲဒီ လေယာဉ်ကွင်းကို တပ်ပိုင် မလုပ်ပေးနိုင်ဘူး ဆိုပြီး အကြောင်းပြန်လိုက်ပါတယ်။ ဒါကြောင့် လေယာဉ်ကွင်း ပိုင်ဆိုင်မူကြောင့် ဌာနဆိုင်ရာတွေအကြား သဘောထားကွဲလွဲနေပါတယ်”ဟု ရုံဝန်ထမ်းတဦးက ပြောသည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အခြေစိုက် တပ်ရင်း ၂၈၉ မှ ယာယီတပ်ရင်းမှူး ဗိုလ်မှူး ဇော်ရဲမြင့်က အဆိုပါ လေယာဉ်ကွင်းကို တပ်ပိုင်မြေအဖြစ် ပြုလုပ်ရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ များမကြာမှီက အကြောင်းကြားခဲ့သည်။

စိမ့်စမ်းဝ လေယာဉ်ကွင်းမှာ ပလက်ဝမြို့အောက်ဘက် ၃ ဖါလုံအကွာတွင် တည်ရှိပြီး အဆိုပါ နေရာတွင် ယခုအခါ ခမရ ၂၈၉ တပ်ရင်းကို ပလက်ဝ မြို့ပေါ်မှ ပြောင်းရွှေ့နေရာယူထားပြီး အဆိုပါ တပ်ရင်းမှ စစ်တပ်မြို့သစ် တည်ဆောက်ရန် စီစဉ်နေသည်။

“ဒီလေယာဉ်ကွင်းဟာ ဒုတိယ ကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့တဲ့ စစ်လေယာဉ်ကွင်း တခု ဖြစ်ခဲ့ပြီး ဖဆပလ အစိုးရ ခေတ်တုန်းကလည်း ဒါကိုတာ လေယာဉ်တွေ ဆင်းသက်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီလေယာဉ်ကွင်းဟောင်းဟာ ဆက်သွယ်ရေး ၀န်ကြီးဌာနပိုင် ဖြစ်ကောင်း ဖြစ်နိုင်တယ်ဆိုပီး အထွေထွေ အုပ်ချုပ်မှူးရေးက ငြင်းဆိုတာ ဖြစ်ပါတယ်” ဟုသူက ပြောသည်။

အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၏ အကြောင်းပြန်ကြားပြီး နောက်ပိုင်းတွင် ပလက်ဝ ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဦးမှ တပ်ပိုင်မြေ အဖြစ်ပြုလုပ်ရန် ယာတားထားသော မြေ ၄၆ ဒဿမ ၈၆ ဧကရှိ မြေနေရာတွင် သစ်တော စိုက်ကွက်တည်ဆောက်ခွင့် ပြုရန် ခေါင်းစဉ်ဖြင့် လျှောက်လွှာတင်ရန် တပ်ရင်း ၂၈၉ ယာယီတပ်ရင်းမှူး ဗိုလ်မှူးဇော်ရဲမြင့်ကို ညွန်ကြားထားသည်ဟု စစ်တပ် တပ်ရင်း သတင်းရပ်ကွက်အရ သိရသည်။

စိမ့်စမ်းဝ လေယာဉ်ကွင်းဟောင်း အကျယ်အ၀န်းမှာ ၂၂ ဒဿမ ၉၀ ဧက ကျယ်ဝန်းပြီး အကွက် အကောင်းကျသော နေရာတွင် တည်ရှိသဖြင့် စစ်တပ်မှ စစ်တပ်ပိုင် ပြုလုပ်လိုနေခြင်း ဖြစ်ကြောင်း သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |