• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

၁၃ နိုင်ငံပါဝင်သော ရေတပ် စစ်ရေး လေ့ကျင့်မူ အန်ဒမန် ပင်လယ်ပြင်တွင် ပြုလုပ်


2/6/2010
Adjust font size:  

မြန်မာ အပါအ၀င် နိုင်ငံပေါင်း ၁၃ ပါဝင်သော ရေတပ် စစ်ရေးလေ့ကျင့်မူကို မြန်မာနိုင်ငံ အနီး အိန္ဒိယ နိုင်ငံ အန်ဒမန်နှင့် နီကိုဘာကျွန်း ပင်လယ်ပြင်တွင် ပြုလုပ်သည်။

အဆိုပါ လေ့ကျင့်မူကို လွန်ခဲ့သော သောကြာနေ့က စတင်ခဲ့ပြီး အဓိကအားဖြင့် စစ်ရေးထက် သဘာဝဘေးအန္တရာယ်များကို ပူးပေါင်းကာကွယ်ရန်အတွက် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ကြောင်း အိန္ဒိယ ရေတပ် အရာရှိ တဦးက ပြောသည်။

သူက “ ကျွန်တော်တို့ ဒီနေရာကို လာပြီး လေ့ကျင့်တာက ဒေသအတွင်း စစ်ရေး လုံခြုံရေးထက် သဘာဝ ဘေးအန္တရာယ်နဲ့ လူသားတွေ ဖန်တီးတဲ့ ဘေးအန္တရာယ်တွေကို စုပေါင်းကာကွယ်နိုင်အောင် လေ့ကျင့်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ယခု ရေတပ် စစ်ရေးလေ့ကျင့်ပွဲသို့ မြန်မာ၊ သြစတြေးလျ၊ ဘင်္ဂလာဒေခ်ျ့၊ ဘရူနိုင်း၊ အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ် တို့ ဖြစ်ကြသည်။

ယခု စစ်ရေးလေ့ကျင့်ပွဲမှာ ဒေသအတွင်းမှ နိုင်ငံအများအပြားဖြင့် ပြုလုပ်ရခြင်းမှာ ဒေသအတွင်း တည်ငြိမ်မူကို ထိပါးစေရန် ရည်ရွယ်ချက်မရှိဟု သူက ပြောကြားသည်။

ယခု စစ်ရေး လေ့ကျင့်ပွဲသို့ အာရှ အင်အားကြီး တရုတ်နိုင်ငံ ပါဝင် ခြင်း မရှိသဖြင့် အဆိုပါ ပြောကြားချက်မှာ တရုတ်ကို ရည်ရွယ်ပုံရသည်ဟု လေ့လာသုံးသပ်သူများက ပြောသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |