• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

မင်းပြားတွင်မီးလောင်၍ အိမ်ခြေ ၁၅ လုံး ဆုံးရှုံး


2/8/2010
Adjust font size:  

စံလင်း (နိရဉ္စရာ) ရခိုင်ပြည်နယ် မင်းပြားမြို့တွင် မီးလောင်မူ ဖြစ်ပွား၍ အိမ်ခြေ ၁၅ လုံး မီးထဲပါသွားသည်ဟု သတင်း ရရှိသည်။

မင်းပြား အမျိုးသမီး တဦးက “ မင်းပြားမြို့ အောက်ရွာပိုင်း ရပ်ကွက်က အမျိုးသမီး တဦးအိမ်က စလောင် တာပါ။ မယက စာရေး မောင်သိန်းတန်တို့ နေတဲ့ အိမ်အ၀န်း ဖြစ်ပါတယ်။ အမျိုးသမီး အိမ်ရှင်မ နာမည်တော့ မရပါဘူး” ဟု ပြောသည်။

မီးလောင်မှုမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့  နေ့လည် ၁ နာရီတွင် အောက်ရွာပိုင်းရပ်ကွက် အောင်သစ္စာလမ်းရှိ အမျိုးသမီးတဦး၏ အိမ်မှ စတင် လောင်ကျွမ်းခြင်း ဖြစ်သည်။

“ လောင်တာကတော့ မီးဖို မီးကြွင်း မီးကျန်က စတင် လောင်ကျွမ်းတာ ဖြစ်တယ်လို့ သိရပါတယ်။ အခုတော့ သူတို့ကို သက်ဆိုင်ရာက ကယ်ဆယ်နေရာ ချပေးထားပါတယ်” ဟုသူမက ဆက်ပြောသည်။

မီးလောင်ကျွမ်းသည့် အချိန် နာရီဝက် ခန့် ကြာမြင့်ပြီး ရပ်ကွက်နေ ပြည်သူများက မီးကို ၀ိုင်းဝန်း ငြိမ်းသတ် လိုက်ရသည်ဟု သိရသည်။

အိုးမဲ့အိမ်မဲ့သွားသော မိသားစုများ အတွက် သက်ဆိုင်ရာမှ ထိရောက်စွာ အကူအညီ မပေးနိုင်သဖြင့် သူတို့အတွက် အကူညီ များစွာလိုအပ်နေသည်ဟု သူမက ပြောသည်။

မင်းပြားမြို့သည် ရခိုင်ပြည်နယ်တွင် မီးအလောင်ဆုံးမြို့ တခု ဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း မီးလောင်မူ ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။ သို့သော်လည်း သက်ဆိုင်ရာမှ မီးဘေးကာကွယ်ရန် စနစ်တကျ စီစဉ်ပြင်ဆင်မူများ မရှိသလို ခေတ်မှီ မီးသတ်ကားလည်း အလုံအလောက် ထားရှိခြင်း မရှိဟု သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |