• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဘုန်းတော်ကြီး ကျောင်းတကျောင်း မီးလောင်၍ ရုပ်ပွားတော်အများ အပြား ဆုံးရှုံး


2/8/2010
Adjust font size:  

ထွန်းနိုင် (နိရဉ္စရာ) ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ရွာတော်ခရိုင် ရုံမော်မြို့ယ် ပန်းချောင်းဝကျေးရွာတွင် ဖေဖေါ်ဝါရီလ ၅ ရက်နေ့က ဘုန်းတော်ကြီး ကျောင်းတကျောင်းကို မီးလောင်ရာ ဗုဒ္ဓရုပ်ပွားတော် အများအပြား ဆုံးရှုံးသွားသည်ဟု ကျောင်းထိုင် ဆရာတော်က ပြောသည်။

“ဆုံးရှုံးသွားတာက အများကြီးပါ။ ရွှေဘုရား ဆင်းထုတော် ၄ ဆူ၊ ကြေဆင်းထု ရုပ်ပွားတော် ၄၅ ဆူ မီးထဲ ပါသွားတယ်။ ကျောင်းမှာရှိတဲ့ ပစ္စည်း ဘာတခုမှမကျန်ခဲ့ဘူး။ တာကာငွေနဲ့ပြောရမယ်ဆိုရင် ၈ သိန်းကျော်ဖိုး ဆုံးရှုံးသွားပါတယ်။”

ကျောင်းကို မီးလောင်စဉ် အချိန်တွင် ကျောင်းထိုင်ဆရာတော်မှာ ပြင်ပသို့ ရောက်ရှိနေပြီး လူမရှိ အချိန်တွင် မီးလောင်သဖြင့် ကျေးရွာသားများက ရှို့မီး ဖြစ်နိုင်သည်ဟု ဝေဖန် ပြောဆို လျှက်ရှိသည်။

ကျေးရွာသား တဦးက “မီးလောင်နေတာကို ရွာသားတွေ မြင်တဲ့ အချိန်မှာ လမ်းလုပ်တဲ့ ကုလား သုံးဦး ကျောင်းထဲက ထွက်ပြေးသွားပါတယ်။ သူတို့ ရှို့တာ ဖြစ်နိုင်တယ်လို့ ရွာသားတွေက ယူဆနေကြပါတယ်။ ရွာသားတွေ ကျောင်းကို ရောက်တဲ့ အချိန်မှာ မီးက အရမ်းကို များနေပါပြီ။ ရွာသားတွေ မီးငြိမ်း သတ်တော့လည်း မီးအားကောင်းနေတာကြောင့် သတ်လို့ မနိုင်တော့ပါဘူး။ ဒီရာသီမှာ ရွာသားတွေလည်း ရွာမှာ မရှိတာများပါတယ်။ အကုန်လုံး လိုလို တောင်ယာခုတ်ဖို့ တောကိုသွားနေတဲ့အချိန် ဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါ ကျောင်းမီးလောင်ပြီးနောက် ကျောင်းအနီးတွင် လမ်းလုပ်သူ ကုလားများမှာ လမ်းလုပ်သည့် နေရာမှ ထွက်ပြေးသွားကြသည်ဟု ရွာသားများက ပြောသည်။

“ရခိုင်ဝနဲ့ ရုံးမော်မြို့ ကို ပြေးဆွဲမယ့် ကားလမ်းဖေါက်လုပ်နေတဲ့ နေရာကို စစ်ဆေးဖို့ အာဏာပိုင်တွေနဲ့ ရွာသားတွေ သွားရောက်တဲ့ အချိန်မှာ လမ်းလုပ်သား ကုလားတွေ တယောက်မှ မရှိတော့ဘူး။ မီးလောင်မှုဖြစ်ပွားတဲ့ နေ့ကတည်းက ချက်ချင်း ထွက်ပြေး တိမ်းရှောင်သွားတယ်လို့ သိရပါတယ်” ဟု ရွာသားတဦးက ပြောသည်။

ဒေသခံဘင်္ဂလားဒေခ်ျ့ အာဏာပိုင်များမှ အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး အနီးအနား ရွာများတွင် လိုက်လံ စုံစမ်း စစ်ဆေးမူများ ပြုလုပ်နေပြီး တရားခံများကို အပူတပြင်း လိုက်ရှာနေသည်ဟု သိရသည်။

အဆိုပါ ကျောင်းကို လွန်ခဲ့သော နှစ်ပေါင်း ၃၇ နှစ် ကျော်က ဆောက်လုပ်ထားပြီး ဗုဒ္ဓဘာသာ အိမ်ခြေ ၅၀ ကျော်ခန့် ကိုးကွယ်နေသော ကျောင်းတကျောင်းလည်းဖြစ်သည်။

ယခုအခါ ရွာသားများမှာ စီးပွားရေး မပြေလည်မှုကြောင့် နောက်ထပ် ယခုကဲ့သို့ ကျောင်း တကျောင်း ဆောက်လုပ်ရန် မလွယ်ကူနိုင်သဖြင့် ရွာသားများနှင့် ဘုန်းကြီးမှာ အထူး စိတ်ပူ သောကများ ရောက်နေကြရသည်ဟု သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |