• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

တောင်အာရှ ရွေတံဆိပ် ၂ ဆုရှင် မဇော်ဦးဖြူနှင့် တမိနစ်တာ


2/8/2010
Adjust font size:  

ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဒက္ကားမြို့တွင် ကျင်းပ ပြုလုပ်သော ၁၁ ကြိမ်မြောက် တောင်အာရှ အားကစားပြိုင်ပွဲတွင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံဖွား ရခိုင်အမျိုးသမီး မဇော်ဦးဖြူမှ ရွှေတံဆိပ် ၂ ဦးဆုနှင့် ကြေးတံဆိပ် တခု ရရှိခဲ့သည်။

ဆုရရှိတဲ့ အပေါ်သူမရဲ့ ခံစားချက်ကို ယခုကဲ့သို့ ပြောသည်။

“ကျွန်မ ခုလို တောင်အာရှ အားကစားပြိုင်ပွဲမှာ ဆုတွေ အများကြီး ရရှိလိမ့်မယ်လို့ ကျွန်မ မမျှော်မှန်းခဲ့ပါဘူး။ မနေ့က နောက်ဆုံး ပြိုင်ပွဲမှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံအတွက် ရွေတံဆိပ် ၂ခု နဲ့ ကြေးတံဆိပ် တခု ဆွတ်ခူး ပေးနိုင်ခဲ့ အတွက် ကျွန်မ အတိုင်းမသိ ၀မ်းသာပါတယ်။ ခုလို ဆုတွေ ရရှိခဲ့တဲ့ အတွက် အထူးဝမ်းမြောက် သလို ကျွန်မ အပေါ် စေတနာထားပြီး ပြသပေးခဲ့တဲ့ ဆရာသမားတွေကိုလည်း အထူးကျေးဇူး တင်ပါတယ်။ ပီးတော့ ကျွန်မ လူမျိုးအတွက် လည်း ဂုဏ်ယူပါတယ်။”

ကရာတေးပြိုင်ပွဲတွေ စတင် ၀င်ရောက်လာပုံကိုလည်းသူမက အခုလို ပြောပါတယ်၊

“ကျွန်မဟာ ၁၉၉၇ ခုနှစ်ကပင် ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ ကျင်းပတဲ့ ကရာတေး ပွဲတိုင်းမှာ ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဆုတွေလည်း အများကြီးရရှိခဲ့ပါတယ်။ နိုင်ငံကိုယ်စားပြု ရွှေတံဆိပ်တွေကို ဆွတ်ခူးရရှိတာကတော့ ဒါဟာ ပထမဆုံး အကြိမ်ဘဲ ဖြစ်ပါတယ်။”

သူမရဲ့ မိဖနဲ့ သူမဆရာ ဘယ်သူ ဘယ်ဝါ ဖြစ်တယ်ဆိုတာကိုလည်း သူမက ခုလို ပြောပါတယ်။

“အဘ ဦးလှအောင် အမိ ဒေါ်သြဘာစိန် ဖြစ်ပါတယ်။ ကျွန်မရဲ့ ဆရာက ကရာတေးဆရာ ကိုသိန်းမောင် (စစ်တွေ) ဖြစ်ပါတယ်။ ဇာတိကတော့ စစ်တကောင်းတောင်တန်းနယ် ရွာတော်မြို့ ဖြစ်ပါတယ်။”

မဇော်ဦးဖြူသည် တဦးချင်း ကရာတေးပြိုင်ပွဲတွင် ရွေဆံဆိပ်ဆုတခု၊ သုံးယောက်တွဲပြိုင်ပွဲတွင် ရွေတံဆိပ်ဆု ၁ ခုနှင့် ၅၅ ကီလိုတန်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု တခုရရှိခဲ့သည်။

အလားတူ စစ်တကောင်း တောင်တန်းနယ်မှ မဦးသန်းနုမှာ သုံးယောက်တွဲ ပြိုင်ပွဲတွင် ရွေတံဆိပ် တဆု ဆွတ်ခူးရရှိခဲ့သည်။ သူမ၏ ဖခင်မှာ ဦးအောင်ထွီး အမိ ဒေါ်လှမဖြူ ဖြစ်သည်။

ဆုရရှိသူ နှစ်ဦးစလုံးမှာ ဘင်္ဂလာဒေ့ခ်ျနိုင်ငံ ဘင်ဒရာဘင် (ခေါ်)ရွာတော်ခရိုင်၊ လမားမြို့နယ်တွင် တည်ရှိသော ကျောက်တန်းကျေးရွာ မဟာမုနိ ပရဟိတ စာသင်ကျောင်းမှ ဒါရိုက်တာ ကိုသိန်းမောင်၏ တပည့်များ ဖြစ်သည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |