• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

အသက် မပြည့်သူ ကလေးများကို ပြည့်သူ့စစ် အဖွဲ့ထဲသွင်း


2/11/2010
Adjust font size:  

ခိုင်သိန်း (နိရဉ္စရာ) ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ အရွယ် မရောက်သူ လူငယ်များကို ပြည်သူ့စစ် တပ်ဖွဲ့ထဲ အတင်း ထည့်သွင်း နေသည်ဟု ကုလားပုန်း ကျေးရွာသား တဦးက ပြောသည်။

သူက “ ကျနော်တို့ ရမ်းဗြဲမြို့နယ် ကုလားပုန်း ကျေးရွာအုပ်စုမှာ ဆိုရင် ရယက ဥက္ကဌက ကျေးရွာအုပ်စုထဲမှာ ရှိတဲ့လူငယ်တွေကို လိုက်ရှာပြီးတော့ ပြည်သူ့စစ်သင်တန်းတွေ တက်ခိုင်းပါတယ်။ ပီးရင် ပြည်သူ့ စစ်ထဲကို အတင်း သွင်းနေပါတယ်။ မတက်ရင် သူတို့အတွက် ဆိုးရေးကောင်းရေး ဘာမှ တာဝန် မယူဘူးဆိုပီး ရယက ဥက္ကဌက ခြိမ်းခြောက်တဲ့ အတွက် မိဘတွေက မထည့်ချင်ပေမယ့် ပြည်သူ့စစ် အဖွဲ့ထဲ ထည့်နေကြရပါတယ်” ဟု ပြောသည်။

အသက် ၁၆ နှစ်နှင့် ၁၇ နှစ် အကြားရှိသော ကလေးငယ် အများအပြားမှာ ယခုအခါ အရွယ်မရောက်သေးဘဲ ပြည်သူ့စစ်တပ်ဖွဲ့များတွင် တာဝန် ထမ်းဆောင် နေကြရသည်ဟု သူက ပြောသည်။

အရွယ် မရောက်သူ လူငယ် အများအပြားကို ဇန္န၀ါရီလ ၂၀ နေ့မှ ၃၀ ရက်နေ့အထိ ကုလားပုန်း ကျေးရွာတွင် ပြုလုပ်သော ပြည်သူ စစ်သင်တန်းတွင် ကျေးရွာ ရယကများက အတင်း တက်ရောက် ခိုင်းခဲ့သည်ဟု အဆိုပါ ကျေးရွာသားက ယခုကဲ့သို့ ဆက်ပြောသည်။

“ ရမ်းသစ်ချေနှင့် ဖက်ကျပ်အုပ်စု၊ ရမ်းသစ်ကြီးနှင့် စစ်ပြားအုပ်စု၊ လက်ပံနှင့် ချောင်းနွယ်အုပ်စုနဲ့ ကုလားပုန်း အုပ်စုတွေက တအုပ်စုက အယောက် ၃၀ စီ ပြည်သူ့စစ် သင်တန်း တက်ခိုင်းပါတယ်။ လူကြီးတွေ အယောက် ၃၀ မပြည့်တော့ ကျေးရွာ ရယက လူကြီးတွေက လစ်လပ်နေတဲ့ လူကြီး တွေရဲ့ နေရာမှာ ကလေးတွေကို အစားထိုး သင်တန်း တက်ခိုင်းပါတယ်။ သင်တန်း ပီးရင် ပြည်သူ့ စစ် အဖွဲ့ထဲကို သွင်းလိုက်ပါတယ်။”

သင်တန်း ၃၀ ဦးမထည့်သွင်း နိုင်ပါက ရယက ဥက္ကဌများမှာ ရာထူးမှ ပြုတ်သွားနိင်သဖြင့် ယခုကဲ့သို့ သင်တန်းသား ၃၀ ကို လူငယ်များကို ခေါ်ယူပြီး မပြည့်အောင် ဖြည့်ထည့်ကာ သင်တန်း တက်ခိုင်းခဲ့ခြင်း ဖြစ်သည်။

သင်တန်းတွင် သင်တန်းဆရာများအဖြစ် ကုလားပုန်း ရဲစခန်းမှူး တင်မောင်၊ ရမ်းဗြဲမြို့ ဗဟိုမီးသတ်ရုံးမှ သန်းရှိန်နှင့် စွမ်းအားရှင်အဖွဲ့မှ ဇော်ခိုင်တို့က တာဝန်ယူ ပြသခဲ့သည်ဟု သူက ပြောသည်။

“ ပြည်သူ့ စစ် သင်တန်းဆိုပေမယ့်လည်း သင်တန်းတက်တဲ့အထဲက ရွာတရွာက သင်တန်း ၃ ဦးကို မီးသတ်ဆိုပီး ရွှေးချယ်သလို နောက်ထပ် ၃ ဦးကိုလည်း စွမ်းအားရှင်ဆိုပြီး ရွှေးချယ်ပြီး ဖွဲ့စည်းပေးပါတယ်။ ခုလို ရွှေးချယ်လိုတဲ့အတွက်လည်း အဖွဲ့အစည်း သုံးခုက ပူးပေါင်းပီး ခုလို သင်တန်းကို ဖွင့်လှစ်တာ ဖြစ်ပါတယ်။”

ယခုအခါ ရခိုင်ပြည်နယ် နေရာအနှံ့အပြားတွင် ပြည်သူ့စစ်သင်တန်းများကို ဖွင့်လှစ်ပို့ချထားပြီး ပြည်သူ့စစ် အဖွဲ့ ဖွဲ့စည်းထားခြင်းမှာ ယခုနှစ်တွင် ပြုလုပ်မည့် ရွှေးကောက်ပွဲတွင် အဆိုပါ ပြည်သူ့ စစ်များကို မဲရုံ လုံခြုံရေးနှင့် မဲရုံစောင့်သူများ အဖြစ် အသုံးပြုရန်သာမက ပြည်သူများကို အင်အားပြ ခြိမ်းခြောက်ရန် အတွက် ဖြစ်နိုင်သည်ဟု လူအများက ယုံကြည်နေကြသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |