• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

စစ်ဘက်ဆိုင်ရာ အရေးကြီးသော စာရွက်စာတန်းများ ခိုးထုတ်မူဖြင့် မြန်မာ ၈ ဦးကို ဘင်္ဂလာရေတပ်က ဖမ်းဆီး


2/13/2010
Adjust font size:  

စစ်ဘက်ဆိုင်ရာ အရေးကြီးသော စာရွက် စာတန်းများကို ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ မြန်မာဘက်သို့ ခိုးထုတ်သည်ဟု ဆိုကာ မြန်မာနိုင်ငံသား ၈ ဦးကို စက်လှေ တစီးနှင့် အတူ ဘင်္ဂလာဒေခ်ျ့ ရေတပ်မှ ယမန်နေ့က ဖမ်းဆီးလိုက်သည်။

ဖမ်းဆီးခံရသော စက်လှေမှာ တောင်ကုတ်မြို့နယ်မှ ဖြစ်ပြီး ဖမ်းဆီးခံရသူများမှာ ကိုအောင်ဌေး၊ ကိုမင်းစိုး၊ ကိုစိုးနိုင်၊ ကိုညီဌေး၊. ကိုစိုးမောင်၊ ဦးမောင်စောယဉ်နှင့် ကိုမောင်ဝင်းတို့ ဖြစ်သည်။

ဘင်္ဂလာဒေခ်ျ့ နိုင်ငံမှ နွားရောင်းပြီး စက်လှေဖြင့် အပြန်တွင် သူတို့ကို အုန်းကျွန်းအနီးတွင် အသင့်စောင့်နေသော ဘင်္ဂလာရေတပ်သင်္ဘော တစီးမှ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ဆင်မဖြူကျွန်းမှ ပွဲရုံပိုင်ရှင် တဦးက ပြောသည်။

“ သူတို့မှာ ပါတဲ့ နွားအကောင် ၁၃၀ ကိုရောင်းပီး အပြန်မှာ ခုလို ပြဿနာ ဖြစ်တာပါ။ ဒီမှာ သတင်း ဖြစ်နေတာကတော့ သူတို့က ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်းမှာ ရေတပ်ချထားတဲ့ နေရာနဲ့ ဓါတ်ပုံ၊ ကော့ဘဇားက စစ်ရေး အရ အရေးကြီးတဲ့ မြေပုံနဲ့ ဓါတ်ပုံတွေ၊ ဆင်မဖြူကျွန်းနဲ့ အုန်းကျွန်းမှာ ချထားတဲ့ ရေတပ်နဲ့ ဘီဒီအာရ်စခန်းက ဓါတ်ပုံတွေကို သူတို့ စက်လှေပေါ်က သိမ်းဆည်းရမိတဲ့ အတွက် ခုလို ဘင်္ဂလာ ရေတပ်ဆီမှာ ဖမ်းဆီးခံရတာ ဖြစ်တယ်လို့ သိရပါတယ်။”

အဆိုပါစာရွက်စာတန်းများနှင့် ဓါတ်ပုံများကို စက်လှေပေါ်တွင် အသေအချာ သိမ်းဝှက်၍ ယူဆောင်သွားစဉ် သတင်းအရ ရေတပ်မှ စက်လှေပေါ် တက်ရောက် ရှာဖွေရာတွင် တွေ့ရှိ ရသည်ဟု သူက ဆက်ပြောသည်။

“သူတို့ဆီက သိမ်းဆည်းရမိတဲ့ ကင်မရာထဲမှာ မြန်မာနိုင်ငံက ရေတပ်သား ဓါတ်ပုံတွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ ပီးတော့ မြန်မာရေတပ်က ထုတ်ပေးထားတဲ့ စာရွက် စာတန်းတွေလည်း တွေ့ရှိရတယ်လို့ ပြောပါတယ်။ အဲဒီအပေါ်မှာ ပိုပီး သံသယဖြစ်ပြီး သူတို့ကို ချက်ချင်း ဖမ်းခေါ်သွားပါတယ်။ သူတို့တည်းခိုခဲ့တဲ့ ပွဲရုံပိုင်ရှင် မိုဟာမတ်ချော်ဖိလ်ကိုလည်း ချက်ချင်း ဖမ်းခေါ်သွားပါတယ်။ ခုတော့ သူကို ခံဝန်ချက်နဲ့ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။”

ဆင်မဖြုကျွန်းတွင် ရောက်ရှိနေသူ အမည်မဖေါ်လိုသူ မြန်မာနိုင်ငံသား တဦးမှ သူကြားသိသမျှကို ယခုကဲ့သို့ ပြောသည်။

“ သူတို့က ပါလာတဲ့ ကင်မရာနဲ့ အုန်းကျွန်းနဲ့ ဆင်မဖြူကျွန်းမှာ ရှိတဲ့ ရေတပ်နဲ့ ဘီဒီအာရ်စခန်းတွေကို ဓါတ်ပုံရိုက်ကတည်းက သူတို့အနားက ထောက်လှမ်းရေးတွေ လိုက်နေပုံရပါတယ်။ ဒါကို သူတို့ ရိပ်မိပုံ မရဘူး။ စက်လှေ ကမ်းက ခွာတဲ့အခါ ရေတပ်က စပိဘုတ် တစီးနဲ့ ချက်ချင်း လိုက်လာပြီး စက်လှေပေါ်တက်ရှာကာ အထောက်အထားတွေကို တွေ့တာနဲ့ သူတို့ကို ဖမ်းဆီး ခေါ်ဆောင် သွားတာ ဖြစ်ပါတယ်။”

သူတို့ကို စစ်ဆေးမူများ ပြင်းပြင်းထန်ထန် ပြုလုပ်ပြီးနောက် စနေနေ့ ညနေပိုင်းက တက်ကနက် ရဲစခန်းသို့ လွဲပြောင်းပေးလိုက်သည်ဟု သိရသည်။

တက်ကနက် ရဲစခန်းတာဝန်ရှိသူ တဦးက ဖမ်းဆီးမူကို အတည်ပြု ပြောကြားသော်လည်း စစ်ဆေးမေးမြန်းမူများ ဆက်လက် ပြုလုပ်နေသဖြင့် အသေးစိတ်ကို ထုတ်ဖေါ် မပြောနိုင်ကြောင်း ပြောကြားသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |