• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

ဧည့်စာရင်း စစ်သူများ အယောင်ဆောင်ပြီး ဓါးပြတိုက်မှု မောင်တောတွင် နောက်ထပ် ဖြစ်ပွား


2/20/2010
Adjust font size:  

မင်းအောင် (နိရဉ္စရာ) ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဧည့်စာရင်းစစ်သူများ အယောင်ဆောင်ပြီး ဓါးပြတိုက်မှု တခု နောက်ထပ် တကြိမ် ဖြစ်ပွားခဲ့သည်။

၎င်းဓါးပြတိုက်မှုမှာ မောင်တောမြို့နယ် ဇီးပြင်ချောင်းကျေးရွာတွင် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့က ဖြစ်ပွားခဲ့သည်။

ဓါးပြတိုက်ခံရသူ ဆွေမျိုးတဦးက နိရဉ္စရာသို့ ယခုကဲ့သို့ပြောသည်။

“ အဲဒီညဥ့် သန်းခေါင်ကျော်အချိန်မှာ ကျွန်တော်ဦးလေး ဆိုင်ကို ဧည့်စာရင်း လာစစ်တဲ့ အဖွဲ့ဆိုပြီး လူတစုက တံခါးဖွင့်ပါတယ်။ ဗမာလို ပီပီသပြောပီး တံခါးကို ဖွင့်ပါဆိုတော့ ဖွင့်ပေး လိုက်ပါတယ်။ တံခါးကို ဖွင့်ပေးလိုက်တာနဲ့ မျက်နှာဖုံး စွပ်ထားတဲ့ လူ ၄ ယောက်က အတင်း ၀င်လာပြီး ကျွန်တော် ဦးလေးကို ကြိုးနဲ့ချည်ပြီး အိမ်မှာ ရှိတဲ့ ကျပ်ငွေ ၅ သိန်းနဲ့ ၀တ်ဆင်ထားတဲ့ ရွှေ စုစုပေါင်း ကျပ်ငွေ ၁၅ သိန်းခန့်ကို ဓါးပြတိုက် ယူဆောင် သွားခဲ့ပါတယ်”

ဓါးပြတိုက်ခံရသူ ဆိုင်ပိုင်ရှင်မှာ ဆိုကီကာနိုအာလာမ် ဖြစ်သည်။ ဓါးပြ တိုက်ခံရသော ကျေးရွာမှာ နစက စခန်းနှင့် ၂ ဖာလုံခန့်သာ ဝေးသည်ဟု သိရသည်။

“ ဓါးပြလာတိုက်တဲ့ လူတွေက တဘက်နိုင်ငံက ဘီဒီပြေးတွေ ဖြစ်ဖို့ များပါတယ်။ တိုက်ပီးတာနဲ့ တဘက်နိုင်ငံကို ကူးသွားတော့ နစဖ တပ်ဖွဲ့ တွေက လိုက်ဖမ်းဆီးလို့ မရ ဖြစ်သွားတာပေါ့။” ဟု သူက ဆက်ပြောသည်။

မြန်မာနိုင်ငံဘက်မှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံသို့ ထွက်ပြေးသွားသူ မူဆလင် များကို အစိုးရနှင့် အရပ်သားများက မောင်တောမြို့နယ်တွင် ဘီဒီပြေးဟု အတိုကောက် ခေါ်လေ့ရှိသည်။

အလားတူ လွန်ခဲ့သော ဇန္န၀ါရီလ ၁၂ ရက်နေ့ကလည်း မောင်တောမြို့ အမှတ် (၃)ရပ်ကွက် ၀ိမလ ကျေးရွာရှိ ဦးမောင်ခင် (ကွယ်လွန်)၏ ဇနီး ဒေါ်မလှရွေအိမ်ကို ဓါးပြများက ဧည့်စာရင်းစစ်သူ နစကကဲ့သို့ အယောင် ဆောင်ပြီး ဓါးပြ တိုက်ယူသွားခဲ့သည်။

ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့နယ်တွင် တခြား ဓါးပြတိုက်မှုများလည်း အထူး တိုးပွားနေရာ ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ နံနက် ၁ နာရီခွဲခန့်အချိန်တွင် မောင်တောမြို့အနီးရှိ ရပ်ကွက်(၅) ဥက္ကဌ နေအိမ်နှင့် နစက နယ်မြေ (၇) မြင်းလွတ်ကျေးရွာရှိ ဦးမာမတ်တော်ယု နေအိမ်ကိုလည်း ဓါးပြများ ၀င်ရောက် တိုက်ခိုက်သွားခဲ့သည်ဟု သိရသည်။

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |