• ပင်မစာမျက်နှာ
  • သတင်း
  • ဆောင်းပါး
  • အင်တာဗျူး
  • ကဗျာ
  • ဖွယ်ဖွယ်ရာရာ
  • နိရဉ္စရာအကြောင်း
  • ဟာသ
  • ပေးစာပီးစာ ကဏ္ဍ
  • English
  • Burmese font

ကိုးကိုကျွန်းပြန် ရဲဘော်ကြီး ရွှေကျော်အောင် ကွယ်လွန်


3/4/2010
Adjust font size:  

ရခိုင်ပြည် လွတ်လပ်ရေး အင်အားစု ဥက္ကဌ ကိုကိုးကျွန်းပြန် ရဲဘော်ကြီး ဦးရွှေကျော်အောင်သည် လူကြီး ရောဂါဖြင့် ၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က ကွယ်လွန်သွားကြောင်း သတင်း ရရှိသည်။

ဦးရွှေကျော်အောင်သည် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လမ်းမတော်ရပ်ကွက်မှ ဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၇၅ နှစ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

ဦးရွှေကျော်အောင်သည် ဗိုလ်နေ၀င်း ဦးဆောင်သော မဆလ အစိုးရကို ဆန့်ကျင် တော်လှန် ပုန်ကန်မူဖြင့် ထောင် အကြိမ်ကြိမ် ကျခံခဲ့ရပြီး ကိုကိုးကျွန်းကို ပို့ဆောင်ခံခဲ့ရသည်။

၁၉၇၃ ခုနှစ်တွင် ကိုးကိုကျွန်းမှ လွတ်မြှောက်လာပြီး ၁၉၇၄ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ် ပါတီဝင် တပ်ဖွဲ့ဝင် တဦး ဖြစ်လာခဲ့သည်။

၁၉၇၄ မှ ၁၉၉၇ ခုနှစ်ထိ ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်ပြည်နယ်)တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ဦးစောထွန်းဦး ဦးဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ (ရခိုင်ပြည်နယ်) လက်နက်ချသွားခဲ့သော်လည်း ဦးရွှေကျော်အောင်မှာ လက်နက် မချဘဲ ဘင်္ဂလာဒေခ်ျ့တွင် ရပ်တည် ကျန်ရစ်ပြီး မြန်မာ့ ဒီမိုရေစီရေးနှင့် စစ်အာဏာရှင် ဖြုတ်ချရေးကို အားသွန်ခွန်စိုက် ကြိုးပမ်း လုပ်ဆောင်ခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ဘင်္ဂလာဒေခ်ျ့တွင် ရောက်ရှိနေသော ရခိုင်မျိုးချစ်များက ရခိုင်ပြည် လွတ်လပ်ရေးအင်အားစုကို ဖွဲ့စည်းသောအခါ ဦးရွှေအောင်မှာ ဥက္ကဌ ဖြစ်လာခဲ့သည်။

ဦးရွှေအောင်သည် ကွယ်လွန်သည့် အချိန်ထိ အိမ်ထောင်ပြုခြင်း မရှိခဲ့ကြောင်း သိရသည်။

သူ့ကို ဖေဖေါ်ဝါရီလ ၂၇ ရက်နေ့က သူကွယ်လွန်ရာ စစ်တကောင်း တောင်တန်းနယ် ရွာတော်ခရိုင် လမားမြို့နယ် ဘော်ရိဝ ကျေးရွာတွင် သဂြိင်္ုလ်ခဲ့သည်။

( ဦးရွှေကျော်အောင်နှင့် ပတ်သက်ပြီး အချက်အလက်များကို လက်လှမ်းမိသလောက် စုစည်း တင်ပြထားခြင်း ဖြစ်ပါသဖြင့် ပြည့်စုံမူ မရှိခြင်း အပေါ် သည်းခံ ခွင့်လွတ်ကြစေလိုပါသည်။)

: ----------------------------------- ----------------------------------- ----------------------------------- :


(နိရဉ္စရာ သတင်းများကို မည်သူ မဆို လွတ်လပ်စွာ ကူးယူ အသုံးပြုနိုင်ပါသည်။ သို့သော် သတင်းရင်းမြစ်နေရာတွင် နိရဉ္စရာ နာမည်ကို ဖေါ်ပြပေးစေလိုပါသည်။)



Print Bookmark and Share
 

ဆောင်းပါး   

  • အကြောက်တရားတွေ ဘေးဖယ်၊ မိမိတို့လိုလားချက်တွေကို တောင်းဆို
  • ဒေးဝန်းကြီး အောင်ကျော်ရွှီ
  • ဒိုင်နာစပူခရီးသည်


(Photo: Narinjara.com)
ဒီဆိုင်းဘုတ်တွေကို ကြည့်ရင် ရခိုင်မှ လယ်မြေတွေကို စစ်တပ်က ဘယ်အတိုင်း အတာထိ သိမ်းထားတယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။ စစ်တပ်က သိမ်းပိုက် ထားတဲ့ လယ်မြေတွေဟာ ရခိုင်လူမျိုးတွေ ဘိုးစဉ် ဘောင်ဆက် ပိုင်ဆိုင် လာတဲ့ လယ်မြေတွေ ဖြစ်ကြပါတယ်။

ဟာသ၊

“ပျားနဲ့ကျား”

58x60

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...

 

 | Copyright © 2010 NARINJARA. All Rights Reserved. |

 | |