အကြောက်တရားတေ“ အာဏာ ရရှိရေးထက် ပြည်သူလူထုဘဝကို ပိုမိုအလေးထားရန်လို”
လက်ရှိ ဗိုလ်သန်းရွှေ ဦးဆောင်သော နအဖ စစ်အစိုးရသည် အထစ်အငေါ့ ဖြစ်နေသော တစ်နည်းအားဖြင့် သောင်မတင်ရေမကျ ဖြစ်နေသော မြန်မာနိုင်ငံရေးကို ရှင်းရှင်းလင်းလင်းနှင့် လမ်းကြောင်းမှန်သို့ တင်ပေးရမည့်အစား မြန်မာ့နိုင်ငံရေးကို ပိုမိုရှုတ်ထွေးအောင်နှင့် ပိုမို အာဃာတ တရားနှင့် ပဋိပက္ခများ တိုးပွားအောင် တွန်းပို့လိုက်ပြီ ဖြစ်သည်။ နအဖ စစ်အစိုးရက တိုင်းပြည်ကို အာဏာရယူခဲ့သည့် နှစ်ပေါင်း ၂၂ နှစ်အတွင်း မြန်မာပြည်သူလူထုမှာ စားဝတ်နေရေး အကျပ်အတည်းများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး ဆင်းရဲ ဒုက္ခအဝ၀ကို ကျော့ကော့အောင် ခံစားခဲ့ကြသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၂ နှစ်အတွင်း နအဖ စစ်အစိုးရ အုပ်ချုပ်သော ၂၂ နှစ်ကာလ မြန်မာနိုင်ငံ၏ အခြေအနေသည် အဆိုးရွားဆုံးဖြစ်ပြီး အတိဒုက္ခ အများဆုံးနှင့် ပြည်သူများ ရင်ဆိုင်ခဲ့ကြရသည်။ ယခုကဲ့သို့ ဖြစ်ပေါ်ခဲ့ရခြင်း၏ အဓိက အကြောင်းတရားမှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေမတည်ငြိမ်မူကြောင့် ဖြစ်သည်။ ထိုကဲ့သို့ နိုင်ငံရေး မတည်ငြိမ်ခြင်းသည် တိုင်းပြည်တွင်း တည်ရှိနေသော နိုင်ငံရေး ပြဿနာကို နအဖ စစ်အစိုးရအနေဖြင့် နိုင်ငံရေးအရ ငြိမ်းချမ်းစွာ ဖြေရှင်းရန် မကြိုးစားဘဲ လက်နက်အားကိုးဖြင့် အစဉ်တစိုက် အင်အားသုံး ဖြေရှင်းခဲ့၍ ဖြစ်သည်။ နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် သူ့နိုင်ငံ အတိုင်းအတာဖြင့် နိုင်ငံရေး ပြသာနာများ ရှိနေကြသည်။ သို့သော်လည်း ထိုပြဿနာ များကို ငြိမ်းချမ်းစွာ အတူတကွ ဖြေရှင်းခြင်းဖြင့် ပြေလည် ကျော်လွှားခဲ့ကြသည်သာ ဖြစ်သည်။
မြန်မာနိုင်ငံတွင်လည်း တိုင်းပြည်တွင်း တည်ရှိနေသော နိုင်ငံရေး ပြဿနာများကို နအဖ စစ်အစိုးရနှင့် အတိုက်အခံ အင်အားစုများအကြား နှစ်ဦးနှစ်ဘက် အတူတကွ ငြိမ်းချမ်းစွာ ဖြေရှင်းလျှင် ပြေလည်နိုင်သည်။ ထိုသို့ ဖြေရှင်းလျှင် ပြေလည်နိုင်သည်ကို ယုံကြည်သဖြင့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များမှ နအဖ စစ်အစိုးရကို နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရန် အစဉ်တစိုက် တောင်းဆိုခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မိသားစုများအနေဖြင့်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးပြဿနာများ ပြေလည်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန် အစဉ်တစိုက် တောင်းဆိုခဲ့သည်။ သို့သော်လည်း နအဖ စစ်အစိုးရသည် ထိုသို့ တောင်းဆိုမှုများကို အလေးမထားသည် သာမက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံ အင်အားစုများကို ဖမ်းဆီးပြီး နှစ်ရှည် ထောင်ချကာ ဖိနှိပ်ပြခဲ့လေသည်။ ထိုကဲ့သို့ ဖိနှိပ်မူများကြောင့် နိုင်ငံတကာ၏ စီးပွားရေးပိတ်ဆို့မူကို ခံခဲ့ရပြီး မြန်မာနိုင်ငံ၏ စီးပွာရေးမှာ လူပ်လေ မြုပ်လေဖြစ်ခဲ့ရပြီး သန်း ၅၀ ကျော်မြန်မာ ပြည်သူလူထုမှာ စီးပွားရေး ကျပ်တည်းမူ ဒဏ်ကို အလူးအလဲ ခံခဲ့ကြရသည်။
ယခု တဖန်လည်း နအဖ စစ်အစိုးရသည် ပြည်သူလူထု အစိုးစီးပွားကို မျက်ကွယ်ပြုကာ အတိုက်အခံ နိုင်ငံရေး အဖွဲ့အစည်းခေါင်းဆောင်များ၏ တောင်းဆိုမူများကို တစ်စုံတစ်ရာ လိုက်လျောမှုမရှိဘဲ သူတို့ တဖက်သတ် ရေးဆွဲထားသော ၂၀ဝ၈ ခုနှစ် အတည်ပြုပေးလိုက်သည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြင့် များမကြာမှီ ရွှေးကောက်ပွဲကို ကျင်းပရန် စီစဉ်နေသည်။ ရွှေးကောက်ပွဲတွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြား ကျောင်းသားခေါင်းဆောင်များနှင့် တိုင်းရင်းသားများကို မပါနိုင်အောင် ပိတ်ပင်ကန့်သတ်ချက်များ ပြုလုပ်ထားပြန်သည်။ သို့အတွက်ကြောင့် နအဖ စစ်အစိုးရမှ ပြုလုပ်မည့် ရွှေးကောက်ပွဲအပေါ် ပြည်တွင်းပြည်ပမှ ယုံကြည်မူမရှိ ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ၁၉၉၀ ခုနှစ် ရွှေးကောက်ပွဲနိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မပါဝင်သဖြင့် ရွှေးကောက်ပွဲပြီးပါကလည်း မြန်မာနိုင်ငံရေး ပြဿနာမှာ ပြေလည်မူရနိုင်မည်မဟုတ်သည့်အပြင် ပိုမို ရှုတ်ထွေးလာနိုင်သည်။ နိုင်ငံတကာမှလည်း နအဖ စစ်အစိုးရ၏ တဘက်သတ် လုပ်ရပ်ကြောင့် နိုင်ငံရေးအရ ပြေလည်နိုင်မူမရှိသော မြန်မာနိုင်ငံတွင် စီးပွားရေး အရ ရင်းနှီးမြုပ်နှံမူ တိုးချဲ့မည်မဟုတ်သလို အနောက်နိုင်ငံများအနေဖြင့် သူတို့ ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့မူကို ရုတ်သိမ်းမည်မဟုတ်သည်မှာ သေချာသည်။ မြန်မာပြည်သူများအနေဖြင့် စီးပွားရေး ကျပ်တည်းမူ ဒဏ်ကို ယခုနှစ် ရွှေးကောက်ပွဲပြီးပါကလည်း အလူးအလဲ ခံကြရအုံးမည်ဖြစ်သည်။ သို့အတွက်ကြောင့် နအဖ စစ်အစိုးရ အနေဖြင့် မိမိအာဏာ ရရှိရေးထက် မြန်မာ ပြည်သူလူထု မျက်နှာကိုထောက်ပြီး အသစ် ရေးဆွဲထားသော ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် ရွှေးကောက်ပွဲ ဥပဒေကို အမြန်ဆုံး ပြန်လည် ပြုပြင်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအင်အားစုများ အားလုံး ပါဝင်နိုင်သော ရွှေးကောက်ပွဲကို ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်သင့်ကြောင့် တိုက်တွန်းလိုက်ရပေသည်။
ဟာသ၊
“ပျားနဲ့ကျား”

၁၉၉၄ ခုနှစ် မိုးအကုန် ဆောင်းအကူးမှာ တနင်္သာရီတိုင်း အတွင်းမှာရှိတဲ့ ဒေါန တောင်တန်းတွေကို ဖြတ်ပြီး မကဒတ ကျောင်းသား တပ်မတော် စစ်ကြောင်း...
အင်တာဗျူး
ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီမှ တာဝန်ရှိသူ တစ်ဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

ကမန်တိုင်းရင်းသား တိုးတက်ရေးပါတီမှ တာဝန်ရှိသူ တစ်ဦးကို လက်ရှိ ပါတီ၏ ရပ်တည်ချက် အခြေအနေများနှင့် အနာဂတ်...



