မိဿရာသီသည် ဆိတ်သိုးသဏ္ဍာန်ရှိသည့်အတိုင်း သင်္ကေတအားဖြင့် ဆိတ်ဦးချိုပုံသဏ္ဍာန် (ရာ)ဟု ဖေါ်ပြကြသည်။ ၎င်းးရာသီသည် ဆိတ်သိုးပုံသဏ္ဍာန်ရှိသည့်အားလျှော်စွာ စုံရာသီ၊ ကျားရာသီ၊ မီးရာသီ၊ စရရာသီ၊ ခြေလေးချောင်းရာသီ၊ တရိစ္ဆာန်ရာသီ၊ ခြောက်သွေ့သော ရာသီ၊ ၀ဿန္တဥတုသည် ဥတ္တရာယာဉ်စွန်းတန်းသို့ ကျရောက်သဖြင့် ထူးခြားစွာ ပြောင်းလဲ နေသော ဂြိုလ်သွားဂြိုလ်လာ အတိတ်နမိတ်များနဲ့ ဇာတာခွင်၏အနေအထားကို ခြုံငုံ၍ မြန်မာနိုင်ငံ၏ ကံကြမ္မာကို ဝေဒကျမ်းအရ ဟောစာတန်းထုတ်ရသော်………………။
နအဖ စစ်အစိုးရသည် ဦးပဉ္ဖင်း ယ္ခင်ဟောနေကျအတိုင်း (
သေလျှင်မြေကြီး၊ ရှင်လျှင်ရွှေထီး) ဆောင်းမည်အကြံဖြင့် တဘက်တည်း
ထင်ရာစိုင်းလုပ်ဆောင်နေမည်။ အဓိပ္ပါယ်ကား အမျိုသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့်
၉၀-ပြည့် ရွေးကောက်ပွဲအနိုင်ရပါတီများ၊ အမတ်များနဲ့ ပြည်သူ လူထု၏ဆန္ဒကို၎င်း၊
UNလုံခြုံရေးကောင်စီ၏
တောင်းဆိုချက်တွေကို၎င်း၊ တိုင်းရင်း သားပါတီများ၏ လိုအင်ဆန္ဒတွေ္ဒကို၎င်း၊ အသိအမှတ်မပြုဘဲ
ကျောခိုင်းကာ တိုင်းပြည်နှင့် လူမျိုး၏ မျက်နှာကိုမကြည့်ဘဲ အနာဂတ်မှာ
မိမိတို့၏ဘ၀တွေ၊ အသက်တွေ၊ စည်းစိမ်တွေ လုံခြုံစိတ်ချရဖို့အတွက်
စစ်ဗိုလ်တမတ်သားပါလီမန်(ခေါ်) ညောင်နှစ်ပင် ညီလာခံမှရေးဆွဲကာ ထွက်ပေါ်လာသော
ဥပဒေအတိုင်းဖြစ်စေဖို့ အလိမ်အညာတွေ၊ မတရားမှုတွေဖြင့် ပြည်သူ့ဆန္ဒ ခံယူပွဲမှာ
ထောက်ခံမဲရအောင် လုပ်ဆောင်နေလိမ့်မည်ကို ဆိုလိုပေသည်။ အကယ်၍ ပြည်သူ့ ဆန္ဒခံယူပွဲမှာ
ထောက်ခံမဲမရလျှင် (၀ါ) ညောင်နှစ်ပင် ညီလာခံမှ ထွက်ပေါ်လာသော ဥပဒေ ဟာ
အတည်မဖြစ်ခဲ့လျှင် - သူတို့စစ်အာဏာရှင်တွေရဲ့ ဘ၀တွေ၊ အသက်တွေ၊ စည်းစိမ်တွေ ဟာ
မလုံခြုံဖြစ်သောကြောင့် - ဘာဘဲဖြစ်ဖြစ် ထောက်ခံမဲရအောင် လုပ်ဆောင်မည်မှာ
သေချာပေသည်။
သို့သော် ဖြစ်ပေါ်လာနိုင်သော ပြည်တွင်းရန်၊ ပြည်ပရန်တွေကို ရင်ဆိုင်ဖို့အတွက် လေးလပတ် အစည်းအဝေးမှာ ဆုံးဖြတ်၍ ကြိုတင်ကာ ပြင်ဆင်ထားလိမ့်မည်မှာ သေချာပေသည်။
(၁) ပြည် တွင်းကလူထုဆန္ဒပြ အုံကြွလာခဲ့သော် ကြံ့ဖွတ်စွမ်းအားရှင်တွေဖြင့် တန်ပြန်ဆန္ဒပြကြဖို့။
(၂) ဆန္ဒပြလူထုကို ကြံ့ဖွတ်စွမ်းအားရှင်များနှင့် ပထမချေမှုန်းဖို့၊ နောက်လိုအပ်လျှင်ရဲ၊ လုံထိန်း၊ စစ်တပ်ကိုသုံးဖို့။
(၃) ရဟန်း အတု၊ ပြည်သူအတုတွေသုံးကာ အချင်းချင်း ပဋိပက္ခဖြစ်၍ စစ်တပ်ကဖြေရှင်း ရသည့်ပုံစံမျိုး လုပ်ဆောင်မည်။
(၄) ဘာသာရေးပဋိပက္ခ ဖြစ်အောင်လုပ်ဆောင်ခြင်းနှင့် စစ်ထောက်လှမ်းရေး အချို့က ဗုံးခွဲခြင်း၊ သေနတ်များကိုင်ဆောင်၍ အကြမ်းဖက်ကာ ပြည်သူများ အကြမ်းဖက်ကြဟန် အဆောက်အအုံတွေကို ဖျက်ဆီးကြဟန်အသွင်ဖြင့် အကြပ်ကိုင်နှိမ်နှင်းဖို့။
(၅) တိုင်းရင်းသား လက်နက်ကိုင်ပါတီများစရုံး၍ တိုက်လာသည်ဖြစ်စေ၊ နိုင်ငံတကာက ၀င်ရောက် လာတိုက်သည်ဖြစ်စေ၊ လိုအပ်လျှင် မြောက်ကိုရီးယားက ၀ယ်ယူထားသော ဓါတုခေါ် အဆိပ် လက်နက်တွေနဲ့ ခုခံချေမှုန်းဖို့ ဆုံးဖြတ်ချက်ချမှတ်ထားပြီး ဖြစ်ပေလိမ့်မည်။
သဘောက သူတို့ချမှတ်ထားသော လမ်းညွန်မြေပုံ(၇)ချက်အတိုင်း လျှောက်လှမ်းကြမယ်၊ လမ်းမှာဖြစ် ပေါ်လာနိုင်သော အန္တရာယ်တွေ၊ အခက်အခဲတွေကိုလည်း ရင်ဆိုင်ပြီး တိုက်ပွဲ ၀င်ကြမယ်၊ နအဖ ဆုံးဖြတ်ပြီးသားဆိုတာ မယုံမရှိပါနဲ့၊
NLDမှ ဦးလွင်တို့၊ ဦးညဏ်ဝင်းတို့ တောင်းဆို မျှော်လင့်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လုံခြုံရေးကောင်စီက ကိုင် တွယ်ဖြေရှင်းပေးရေး ဆိုတာတွေဟာ စိတ်ကူးယဉ်ဆန်တဲ့ သဘောကိုရောက်နေပေလိမ့်မည်။ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို ၀င်ရောက်မတိုက်သလို၊ တိုက်သော်လည်း စစ်ခံဖို့မှအပ အခြားမရှိပေ။ ဘာဆုံးဖြတ်ချက် ဘဲချချ စစ်အစိုးရအဖို့ အရေးတောင်မစိုက်သည့် သဘောရှိ နေမည်။
ILO က၎င်း၊ လူ့အခွင့်အရေးကောင်စီက၎င်း၊ အလားတူ မြန်မာစစ်အစိုးရကို ပြင်းပြင်း ထန်ထန် အရေးယူမည့် အခြေအနေ မရှိသေးပေ။ နိုင်ငံတကာဟာ အလုပ်ထက် အပြောများ နေမည်။ နအဖနားထောင်မည်မဟုတ်။
ထို့ကြောင့် စစ်အစိုးရသည် လာမည့်မေလ ပြည်သူ့ဆန္ဒခံယူပွဲ၌ ထောက်ခံမဲရရန်အတွက် မယကနဲ့ ကြံ့ဖွတ်၊ စွမ်းအားရှင်များ၊ ဆရာဆရာမများတို့နှင့် ၈၈ မျိုးဆက် ပြည်ထောင်စု မြန်မာနိုင်ငံတော်အမည်ခံ ကိုအေးလွင်ဦးဆောင်သော အဖွဲ့အစည်း တွေကို အသုံးချ၍ ထောက်ခံမဲရအောင် နည်းမျိုးစုံဖြင့် မဲဆွယ်တရားဟောနေပေလိမ့်မည်။
ပြည်သူပြည်သားတွေကို ဖိနှိပ်ဗိုလ်ကျ မတရားလုပ်ဆောင်နေလိမ့်မည်။ ရွေဝါရောင်တော် လှန်ရေးတွင် အဖမ်းအဆီးခံ နိုင်ငံရေးလုပ်ဆောင်သူများကို ဥပဒေအရ ရုံးထုတ်အရေးယူ ပြစ်ဒဏ်ပေးခြင်းများကို လုပ်ဆောင်နေမည်။ ကျန်ရှိနေသော ရဟန်းနဲ့ကျောင်းသားတွေကို လိုက်လံ ဖမ်းဆီးနေမည်ဖြစ်သော်လည်း မကြောက်မရွံ့ဘဲ ပြည်တွင်းက ပြည်သူလူထုကြီး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီတွင်ပါဝင်သော သံဃာတပ်ပေါင်းစု၊ ၈၈ မျိုးဆက်ကျောင်း သားများ၊
CNGနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူထုလှုပ်ရှားမှုကော်မတီ၊
CRPP တို့သည် ၎င်း၊ တိုင်းရင်းသား လက်နက်ကိုင်ပါတီတို့သည်၎င်း၊ ပြည်သူ့ဆန္ဒခံယူပွဲ ဖြစ်ပေါ်မလာအောင် ဟန်ချက်ညီတိုက်ပွဲဝင်ကြဖို့အတွက် လက်နက်အင်အား၊ လူအင်အား စုဆောင်းနေကြပြီး၊ သွေးကျခံကာ တိုက်ပွဲဝင်ကြလိမ့်မည် ဖြစ်ပေသည်။
၁။ မိဿရာသီ (ARIES)
တန်ခူးလ မတ်လ (၂၀) ရက် မှ ဧပြီလ (၂၀) ရက်အတွင်း မွေးဖွားသူများ ဟောစာတမ်း
မိဿရာသီသည် ဆိတ်သိုးပုံသဏ္ဍာန်ရှိသည့်အားလျှော်စွာ သင်္ကေတအားဖြင့် ဆိတ်ဦးချိုပုံ သဏ္ဍာန် (ရာ)ဟု ဖေါ်ပြကြသည်။ ၎င်းရာသီသည် ဆိတ်သိုးပုံသဏ္ဍာန်ရှိသည့် အတိုင်း သဘာဝအားဖြင့် တောင်တန်းကုန်းပြင်မြင့်တို့ကို ကြီးစိုးတတ်ပြီး၊ လျှင်မြန်ဖျတ် လတ်ကာ အငြိမ်နေလေ့မရှိတတ်၊ အပူဓါတ်ကို ကြိုက်နှစ်သက် လေ့ရှိသည်။ ကိုယ့်အင်္ဂါ အစိတ်အပိုင်း အားဖြင့် ဦးခေါင်းပိုင်း၊ ဦးနှောက်ကြွက်သားပိုင်းများကို ကြီးစိုးပြီး၊ အရပ်ဒေသအားဖြင့် အရှေ့ အရပ်ကို စိုးမိုးကာ အရောင်အဆင်းမှာ အနီရောင်ကို ကြီးစိုးလေ့ရှိပေသည်။ မိဿရာသ်ီတွင် မွေးဖွားသူတို့သည် အများအားဖြင့် ဆေးဆရာများ၊ ခွဲစိပ်ဆရာဝန်များ၊ ဆံသသမားများ၊ စစ်ဘက်ဆိုင်ရာဝန်ထမ်းများ၊ အားကစားသမားများ၊ စက်ရုံအလုပ်သမားများအဖြစ် လုပ်ကိုင်၍ တိုးတတ်လေ့ရှိကြောင်း တွေရှိရပေသည်။
ထို့ကြောင့် ဤရာသီ၌ မွေးဖွားသော (၇)ရက် သားသမီးများအနက်---------------------။
(၁) တနင်္ဂနွေနေ့မွေးဖွားသောသူတို့သည်- အရာခပ်သိမ်းတွင် ကျွမ်းကျင်လိမ်မာခြင်း၊ ကြိုးစားအားထုတ် လုံးလပြုခြင်းတို့ကြောင့် ထင်ရှားကျော်စောကာ အကြီးအကဲ၊ မြင့်မြတ် သူများ ဖြစ်လေ့ရှိကြသည်။ အထူးသဖြင့် နိုင်ငံရေးတွင် လူအများ၏ ရိုသေလေးစားမှုကို ရရှိကာ အောင်မြင်တတ်သည်။ တနင်္ဂနွေသားသမီးများ အလုပ်နေရာ မြဲမြံဖို့အတွက် - မပြုတ် (၀ါ) ဒန်းသားကို ဘုရားထု၍ ကိုးကွယ်ပါ။
၎င်းသစ်ပင်တွေကို မိမိနေရာ၏ စနေထောင့်တွင် စိုက်ထားပါ။ ဆောင်ထားပါ။ (အမြစ်အခါ၊ ပထ၀ီအခါမှာလုပ်ပါ။)
(၂) တနင်္လာနေ့မွေးဖွားသောသူတို့သည် - တွေးခေါ်စဉ်းစားမှုများခြင်း၊ သူတပါးတို့အပေါ် အနစ်နာခံ၍ ဆောင်ရွက်ခြင်းတို့ကြောင့် အကြီးအကဲဖြစ်မည်။ ခရီးသွားလာမှု များမည်။ ကောင်းစားမည်။တနင်္လာသားသမီးများ အလုပ်နေရာ မြဲမြံဖို့အတွက် - သြဇာ (၀ါ) အုန်း စသော အသားကို ဘုရားထု၍ ကိုးကွယ်ပါ။
၎င်းသစ်ပင်တွေကို မိမိနေရာ၏ တနင်္ဂနွေထောင့်တွင် စိုက်ထားခြင်း၊ ကိုယ်၌ ဆောင်ထားပါ။
၃။ အင်္ဂါနေ့မွေးဖွားသောသူတို့သည် - ရဲရင့်၍ သတ္တိ၊ ဗျတ္တိနှင့် ပြည့်စုံသဖြင့် စစ်ဘက်ဆိုင်ရာ တို့တွင်၎င်း၊ ကုန်သည်ပွဲစား၊ ခရီး အရောင်းအ၀ယ် ပြုလုပ်ခြင်းတို့ကို လုပ်ကိုင်၍ အကျိုးပေး တတ်သည်။အင်္ဂါသားသမီးများ ရာထူးနေရာ မြဲမြံဖို့အတွက် ကံ့ကော် (၀ါ) ကုကိယ်သားကို ဘုရားထု၍ ကိုးကွယ်ခြင်း၊ ၎င်းသစ်ပင်တွေကို အရှေအရပ်တွင် စိုက်ထားခြင်း (၀ါ) မိမိကိုယ်၌ ဆောင်ထားခြင်း စသည်တို့ကို ပထ၀ီအခါမှာ၎င်း၊ အမြစ်အခါမှာ၎င်း ပြုလုပ်ပါ။
၎။ ဗုဒ္ဓဟူးနေ့မွေးဖွားသောသူတို့သည် - မကောင်းသော အသောက်အစား၊ အလောင်းကစား နှင့် အက၊ အခုန် စသော ဒုက္ခစရိုက်တရားများကို ၀ါသနာပါသဖြင့် တိုးတတ်မှုမရှိဖြစ်ကာ ဆုတ်ယုတ်ပျက်စီးတတ်သည်။
ဗုဒ္ဓဟူးသားသမီးများ အလုပ်နေရာ မြဲမြံဖို့အတွက် ဇီးသား (၀ါ) ညောင်သားကို ဘုရားထု၍ ကိုးကွယ်ခြင်း၊ ၎င်းသစ်ပင်တွေကို အိမ်နေရာ၏အင်္ဂါထောင့်တွင် စိုက်ထားခြင်း (၀ါ) မိမိကိုယ်၌ ဆောင်ထားခြင်း စသည်တို့ကို ပထ၀ီအခါဖြစ်စေ၊ အမြစ်အခါဖြစ်စေ ပြုလုပ်ပါ။
၅။ ကြာသပတေးနေ့မွေးဖွားသောသူတို့သည် - အာရုံ ငါးပါး၊ ကာမဂုဏ်တရားတွေကို လိုက်စားသူ၊ ရာထူးနေရာ အလုပ်အကိုင်နှင့် ပြည့်စုံ၍ ကိုယ်စိတ်ချမ်းသာတတ်သူများဖြစ်၍ စိတ်သဘောကောင်းတတ်သည်။
ကြာသပတေးသားသမီးများ ရာထူးနေရာ မြဲမြံဖို့အတွက် ရရိုးသား (၀ါ) ၀ါးကို ဘုရားထု၍ ကိုးကွယ်ခြင်း၊ ၎င်းနံပါသောသစ်ပင်တွေကို မိမိနေရာ၏စနေထောင့်တွင် စိုက်ထားခြင်း (၀ါ) မိမိကိုယ်၌ ဆောင်ထားခြင်း စသည်တွေကို ပထ၀ီအခါ၎င်း၊ အမြစ်အခါ၎င်း ပြုလုပ်ပါ။
၆။ သောကြာနေ့မွေးဖွားသောသူတို့သည် - အိမ်ထောင်ရေး၎င်း၊ အချစ်ရေး၎င်း၊ ကံမကောင်း တတ်သူများဖြစ်တတ်ပြီး အများအားဖြင့် နာမည်ဂုဏ်သတင်းကို ထိခိုက်လောက်အောင် မှားယွင်းတတ်သူများဖြစ်မည်။
သောကြာသားသမီးများ အလုပ်နေရာ မြဲမြံဖို့အတွက် ပိန္နဲသား (၀ါ) မကျည်းသားကို ဘုရားထု၍ ကိုးကွယ်ပါ။ ၎င်းနံပါသောသစ်သားတွေကို မိမိအိမ်၏ရာဟူးအရပ်တွင် စိုက်ထားခြင်း (၀ါ) မိမိကိုယ်၌ ဆောင်ထားခြင်းများကို ပထ၀ီအခါ၎င်း၊ အမြစ်အခါ၎င်း ပြုလုပ်ဆောင်ရွက်ပါ။
၇။ စနေနေ့မွေးဖွားသောသူတို့သည် - အပြောအဆိုစရိုက်ကြမ်းတမ်းသော်လည်း စက်မှုလက်မှု စသော ပညာရပ်များတွင် ထူးချွန်တတ်သည်။စနေသားသမီးများ အလုပ်နေရာ မြဲမြံဖို့အတွက် သပြေသားကို ဘုရားထု၍ ကိုးကွယ်ပါ။
၎င်းသစ်ပင်တွေကို မိမိနေရာ၏တောင်အရပ်တွင် စိုက်ထားခြင်း၊ မိမိကိုယ်၌ ဆောင်ထားခြင်း စသည်တို့ကို ပထ၀ီအခါ၎င်း၊ အမြစ်အခါ၎င်း ပြုလုပ်ပါ။ ထို့ကြောင့် ယခုလမှအစပြု၍ - နအဖ စစ်အစိုးရသည် ပြည်တွင်းရန်၊ ပြည်ပရန်များများနှင့် တွေ့ကြုံရသောကြောင့် စစ်တပ်တွင် ပဋိပက္ခရှိမည်။ စစ်အစိုးရခေါင်းဆောင်များ အခက်အခဲရှိမည်။
တိုင်းပြည်မငြိမ်မသက်ရှိလာမည်။ ဖမ်းလား၊ ဆီးလား၊ သွေးမြေကျ ပဋိပက္ခများရှိလာမည်။ ရာထူးနေရာ အပြောင်းအလွဲရှိလာမည် ဖြစ်ပေသည်။
အသျှင် က္ကုန္ဒာစက္က
( M.A, သမိုင်း )ဝေဒနှင့်သမိုင်းသုတေသီ
ရခိုင်အမျိုးသား ဗုဒ္ဓဘာသာကျောင်းတိုက်
သံသီးရွာ။
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ (Mobile : 01558413145)