Thursday, May 16th 2024

ရခိုင်တောင်ပိုင်း သံတွဲမှာ တိုက်ပွဲပြင်းထန်နေ



နိရဉ္စရာ၊ ဧပြီ ၂၉/၂၀၂၄

ကမ္ဘာကျော်ငပလီကမ်းခြေတည်ရှိတဲ့ ရခိုင်တောင်ပိုင်း သံတွဲမြို့နယ်တွေမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဧပြီခဲ့တဲ့ ၂၈ ရက်နေ့ မနက်ပိုင်းကလည်း သူဌေးရေအားလျှပ်စစ်စီမံကိန်းအတွင်း ဆောက်လုပ်ရေးကုမ္ပဏီရုံးတွေရှိတဲ့ ပလိုင်းချောင်းအပါအဝင် နေရာနှစ်ခုမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲဟာ ညနေ ၃ နာရီလောက်အထိ ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်ကလည်း လက်နက်ကြီး ပစ်ကူပေးခဲ့တဲ့အပြင် လေယာဉ်နဲ့ပါ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews