Saturday, May 18th 2024

ဘူးသီးတောင် နဲ့ မောင်တော AA ထိန်းချုပ်မှုအောက် မကြာမီ ကျရောက်ဖွယ်ရှိ



ဘူးသီးတောင် နဲ့ မောင်တော AA ထိန်းချုပ်မှုအောက် မကြာမီ ကျရောက်ဖွယ်ရှိ

နိရဉ္စရာ၊ မေ ၄/၂၀၂၄

ဒီရက်ပိုင်းအတွင်း ဘူးသီးတောင် နဲ့ မောင်တော ဒေသမှာ စရက္ခိုင့်တပ်တော် AA က အကြီးအကျယ် ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ပြုလုပ်လာနေပါတယ်။

ဘူးသီးတောင်အခြေစိုက် စစ်ဗျူဟာကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၅ အပါအဝင် ခမရ ၅၆၄၊ ၅၆၅ နဲ့ ၅၅၁တပ်ရင်းတို့ကို အာရက္ခတပ်တော် AA က မေလ ၃ ရက်နေ့ ည ၉နာရီမှာ အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ အာရက္ခတပ်တော်နဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဧပြီလ ၃၀ ရက်ကတည်းက အာရက္ခတပ်တော်ရဲ့ ထိုးစစ်ကို မခံနိုင်တော့လို့ ဘူးသီးတောင်အခြေစိုက်ခြေမြန်တပ်ရင်း (၅၆၅)နဲ့ (၅၅၁)တို့ဟာ အကျအဆုံးများစွာနဲ့ စကခ(၁၅) တပ်မဌာနချုပ်ကို နောက်ဆုတ်သွားခဲ့တယ်လို့ ဆိုတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews