Sunday, May 19th 2024

ရခိုင် စစ်ဘေးရှောင်တွေကို ထောက်ပံ့ဖို့ ကိုးရီးယားနဲ့ ဂျပန်နိုင်ငံမှာ ULA ဖလား ဘောလုံးပွဲကျင်းပ



ရခိုင် စစ်ဘေးရှောင်တွေကို ထောက်ပံ့ဖို့ ကိုးရီးယားနဲ့ ဂျပန်နိုင်ငံမှာ ULA ဖလား ဘောလုံးပွဲကျင်းပ

နိရဥ္စရာ၊ မေ ၇/၂၀၂၄

ရခိုင်စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့နိုင်ဖို့ ရန်ပုံငွေရှာဖွေတဲ့ အနေနဲ့ ULA ဖလား ဘောလုံးပွဲပြိုင်ပွဲ ကိုရခိုင်လူငယ်တွေက ကိုးရီးယားနဲ့ ဂျပန်နိုင်ငံတွေမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ဒီပွဲကို "စုပေါင်းခွန်အား အာရကန်ဖလားဘောလုံးပြိုင်ပွဲ" အမည်နဲ့ ရခိုင်အသင်း(ကိုးရီးယား)က ဦးဆောင်ပြီး တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူကြီးမြို့၊ ဟာနမ်းစက်မှုဇုံနဲ့ ဂျပန်နိုင်ငံ Tokyoမြို့ Futsal Court Gramard Urawa တို့မှာ မေလ ၅ ရက်၊ ဒေသတော်ချိန် မနက် ၉ နာရီခွဲကနေ ညနေ ၆ နာရီခွဲအထိ ကျင်းပခဲ့ကြတာ ဖြစ်ပါတယ်။

ကိုးရီးယားနိုင်ငံ ဘောလုံးပြိုင်ပွဲမှာတော့ တစ်သင်းကို အသင်းဝင်ကြေး ဝမ် ၆ သိန်းစီထည့်ဝင်ပြီး ပေါက်တော၊ မြောက်ဦး၊ ရမ္မာဝတီ၊ လေးရပ်ဝတီနဲ့ ရသေ့တောင်စတဲ့ အသင်း ၈ သင်းက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဂျပန်နိုင်ငံမှာတော့ တစ်သင်းကို အသင်းဝင်ကြေး ယန်း ၁၀၀၀၀ စီထည့်ဝင်ပြီး ကမ်းထောင်ကြီး၊ကျောက်ဖြူ၊ အမ်း၊ မအီ၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်၊ ဂွနဲ့ စစ်တွေစတဲ့ အသင်း ၂၄ သင်းအထိ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ကိုးရီးယားနိုင်ငံရဲ့ ပြိုင်ပွဲအပြီးမှာတော့ ပထမဆုကို လေးရပ်၀တီအသင်းက ရရှိခဲ့ပြီး ဒုတိယဆုကို ဂွမ်ဂျူးအသင်းက ရရှိခဲ့ပြီး ဂျပန်ုနိုင်ငံကို ပြိုင်ပွဲမှာတော့ ကမ်းထောင်ကြီးအသင်းက ပထမနဲ့ ကျောက်ဖြူအသင်းကဒုတိယရရှိခဲ့ပါတယ်။