Monday, May 20th 2024

ရခိုင်မှာ စစ်ကောင်စီ လမ်းတံတားတွေ ဖောက်ခွဲဖျက်ဆီးနေ(ရုပ်/သံ)



စစ်ပွဲတိုင်းမှာ အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်အတွင်းက လူသွားလူလာများတဲ့ တံတား ၆ စင်းအထိ မိုင်းခွဲ ဖျက်ဆီးခဲ့ပါတယ်။

ရခိုင်ပြည်မှာ ပြည်သူတွေ သွားလာရေး အဓိကကျတဲ့ တံတားတွေဖြစ်ကြတဲ့ အမြင့်ကျွန်းကျေးရွာအနီးက မင်းချောင်းတံတား၊ပန်းဇင်းမော်တံတား၊လှဘော်ဇားတံတား၊ ၃ မိုင်တံတား၊ မအီတံတားနဲ့ ကျောက်ကြီးပေါက်တံတားတို့ကို စစ်ကောင်စီက ဖျက်ဆီးခဲ့တာဖြစ်တယ်။

ဒီလ မေ ၆ ရက်နေ့ ညနေ ၄ နာရီလောက်ကဆိုရင်လည်း ဘူးသီးတောင်မြို့အဝင် ပန်းဇင်းမော်တံတားကို မိုင်းခွဲ ဖျက်ဆီးခဲ့သလို အဲဒီနေ့မှာပဲ မောင်တောမြို့နယ်က လဘော်ဇားတံတားကို ၆ ရက်နေ့ ည ၉ နာရီလောက်က မိုင်းခွဲ ဖျက်ဆီးပစ်ခဲ့ပါတယ်။

ဒါအပြင် မေလ ၇ ရက်နေ့ ညအချိန်မှာလည်း မောင်တောမြောက်ပိုင်း ကားလမ်းပေါ်က ၃ မိုင်တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာလည်း စစ်တွေ- ရန်ကုန်ကားလမ်းပေါ်ရှိ အမြင့်ကျွန်းကျေးရွအနီးက မင်းချောင်းတံတားကို မိုင်းခွဲဖျက်ဆီးပစ်ခဲ့သလို ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ တောင်ကုတ်မြို့နယ်က မအီတံတားနဲ့ မအီ - ကျောက်ဖြူကားလမ်းမပေါ်က ကျောက်ကြီးတံတားတွေကို မိုင်းခွဲ ဖျက်ဆီးပစ်ခဲ့ပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews