Monday, December 4th 2023

ရခိုင်တိုက်ပွဲ နောက်ဆုံး အခြေအနေတွေကို ရက္ခိုင့်တပ်တော် (AA ) ပြောခွင့်ရသူ ခိုင်သုခ ပြောကြားချက်



ရခိုင်တိုက်ပွဲ နောက်ဆုံး အခြေအနေတွေကို ရက္ခိုင့်တပ်တော် (AA ) ပြောခွင့်ရသူ ခိုင်သုခ ပြောကြားချက်

နိရဉ္စရာ၊ နိုဝင်ဘာ ၁၄/၂၀၂၃

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၆ ရက်မှာ နှစ်ဘက်နားလည်မှုနဲ့ အပစ်အခတ် ရပ်စဲခဲ့တဲ့ကာလ တစ်နှစ်မပြည့်မီ ရက်ပိုင်းအလို နိုဝင်ဘာ ၁၃ ရက်မှာ ရခိုင်မှာ တိုက်ပွဲပြန်လည်စတင်ဖြစ်ပွားခဲ့ပါတယ်။
ရသေ့တောင်မြို့နယ်၊ ဒုံးပိုက်နဲ့ ချိန်ခါလီရွာက နယ်ခြားစောင့်တပ်စခန်း ၂ခုကို ရက္ခိုင့်တပ် AA က နိုဝင်ဘာ ၁၃ ရက် မနက်အစောပိုင်းမှာ တပြိုင်နက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မင်းပြားမြို့နယ်မှာလည်း စစ်ကား ၂ စီးကို တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီနေ့မှာပဲ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာက ရဲစခန်းတစ်ခုလုံး AA ထံ လက်နက်ချခဲ့ပါတယ်။
လက်ရှိ နိုဝင်ဘာ ၁၄ ရက်နေ့ ရခိုင်တိုက်ပွဲ နောက်ဆုံးရရှိထားတဲ့ အခြေအနေတွေကို ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဉ္စရာသတင်းဌာန ဆက်သွယ်မေးမြန်းထားပါတယ်။


____________________________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews