Saturday, July 27th 2024

ရခိုင်မှာ စားသောက်ကုန်ဈေးနှုန်းတွေ စံချိန်တင်မြင့်တက်နေ



ရခိုင်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ကုန်းလမ်းနဲ့ ရေလမ်းတွေကိုပိတ်ပင်ထားတဲ့အတွက် စားသောက်ကုန် ဈေးနှုန်းတွေ စံချိန်တင်မြင့်တက်နေတယ်လို့ ပြည်သူတွေက ပြောပါတယ်။


တိုက်ပွဲတွေမဖြစ်မီ နိုဝင်ဘာလ ပထမပတ်ရဲ့ ကုန်စျေးနှုန်း ထက် လက်ရှိမှာ သိသိသာသာ ကုန်စျေးနှုန်းမြင့်တက်လာနေတာဖြစ်ပါတယ်။


တရုတ်ကြက်သွန်ဖြူ တစ်ပိဿာကို ၁၅,၀၀၀ ရှိခဲ့ရာကနေ လက်ရှိမှာ ၂၀,၀၀၀၊ ကြက်သွန်နီ တစ်ပိဿာကို ၄၀၀၀ ကနေ လက်ရှိမှာ ၂၀,၀၀၀၊ ဂျင်းတစ်ပိဿာကို ကျပ် ၁၀,၀၀၀ ကနေ ၁၂,၀၀၀ ၊ငရုပ်သီးခြောက် ၁ ပိဿာကို ၁၀,၀၀၀ လောက်ပဲရှိခဲ့ရာကနေ လက်ရှိမှာ ၆၀,၀၀၀ ၊ Good Choice ဆီတစ်လီတာကို ၆၀၀၀ ကျော်ကနေ ၉၀၀၀ အထိ အသီးသီး စျေးမြင့်တက်နေတာ ဖြစ်ပါတယ်။


ဒါ့အပြင် ရခိုင်ကမြို့နယ်တွေမှာ ဆီစျေးဟာလည်းတစ်နေ့ထက်တစ်နေ့ အဆမတန်မြင့်တက်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာ 92 တစ်လီတာကို နှစ်သောင်းခွဲကျော်အထိ ပေးဝယ်နေရတယ်လို့ စစ်တွေက အမျိုးသမီးတစ်ယောက်က ပြောပါတယ်။


ဒါကြောင့် ရခိုင်မှာ အခြေခံလူတန်းစားတွေတောင်မက လူလတ်တန်းစား ပြည်သူလူထုတွေဟာလည်း စားသောက်နေထိုင်ရေးအတွက် အလွန်တရာ အခက်အခဲကြုံနေရတယ်လို့ ဆိုပါတယ်။

အောက်ခြေလူတန်းစားတွေအနေနဲ့ ဝယ်ယူမစားသောက်နိုင်ဘဲ ငတ်မွတ်တဲ့ အခြေအနေတွေကို ရင်ဆိုင်နေရတယ်လို့ ဘေးတွဲမောင်းသူတစ်ဦးရဲ့ အိမ်ရှင်မက နိရဉ္စရာကိုပြောပါတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews