Saturday, July 27th 2024

မုန်းမြို့ပေါ်က စစ်ကောင်စီ သိမ်းပိုက်ချိန်အတွင်းလက်နက်ကြီး လက်နက်ငယ်အများအပြား သိမ်းဆည်းရမိ



မုန်းမြို့ပေါ်က အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက် သိမ်းပိုက်ချိန်အတွင်းလက်နက်ကြီး လက်နက်ငယ်အများအပြား သိမ်းဆည်းရမိတယ်လို့ KNUက သတင်း ထုတ်ပြန်ပါတယ်။


ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ (တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်) မုန်းမြို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) လက်အောက်ခံတပ်ရင်း တပ်ဖွဲ့တွေနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီဇင်ဘာလ (၄) ရက်နေ့ ညနေက သိမ်းပိုက်ရရှိခဲ့ပါတယ်။


KNUက သတင်း ထုတ်ပြန်တဲ့သတင်းအရ လက်နက်ကြီး၊ လက်နက်ငယ်အများအပြားကို တွေ့ရပါတယ်။

ဒါ့အပြင် ခမရ−၅၉၀ အတွင်း ဝင်ရောက်တပ်စွဲထားတဲ့ ခလရ−၈၄ က အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ တပ်သား (၁၉)ယောက်လောက်ဟာလည်း လက်နက်ချ အညံ့ခံခဲ့ပြီး ဝင်းအတွင်းက တပ်မိသားစုဝင် (၄၂) ယောက်ကိုလည်း စစ်သုံ့ပန်း ဥပဒေတွေနဲ့ အညီ ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက် ပေးထားတယ်လို့ ဖော်ပြထားပါတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews