Saturday, July 27th 2024

ဘင်္ဂလားဒေ့ရှ်က မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြင့်



ဘင်္ဂလားဒေ့ရှ်က မြန်မာနယ်စပ်တစ်လျှောက် လုံခြုံရေးတိုးမြင့်
(နယ်စပ်တစ်လျှောက်တိုက်ပွဲပြင်းထန်နေပြီး နိုင်ငံအတွင်းသို့ မော်တာကျည်များကျရောက်မှု ဘင်္ဂလာကကန့်ကွက်စာပို့ )

နိရဉ္စရာ၊ ဇန်နဝါရီ ၂၈/၂၀၂၄


မြန်မာရဲ့ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို မောင်တောမြို့နယ် မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေအထဲက အမြောက်ကျည်တွေကျရောက်လာတဲ့ အတွက် မြန်မာနိုင်ငံနဲ့ ဆက်စပ်နေတဲ့ နယ်စပ်တစ်လျှောက်ကို လုံခြုံရေး အထူး တိုးမြင့်ထားတယ်လို့ သတင်းရရှိပါတယ်။

မြန်မာဘက်ဘက် နယ်စပ်တစ်လျှောက်မှာ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ကနေ စတင်ဖြစ်ပွားခဲ့တဲ့  ရက္ခိုင့်တပ်တော်(AA) နဲ့ မြန်မာနယ်ခြားစောင့်တပ်တို့ရဲ့  တိုက်ပွဲဟာ ပြင်းထန်နေပြီး အဲဒီအထဲက အမြောက်ကျည်ဆံ ၁၃ ခုနဲ့ လက်နက်ငယ်ကျည်ဆံ တချို့ဟာ ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းကို ကျရောက်ခဲ့တယ်လို့ ကော့စ်ဘဇားမြို့ အမှတ် (၃၄) ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရင်းက ဒီလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။