Saturday, July 27th 2024

ရမ်းဗြဲမှာ စစ်ကောင်စီက ဓာတုအဆိပ်ငွေ့သုံးပြီးတိုက်က်ခိုက်မှုတွေ လုပ်ဆောင်နေ (ရုပ်၊ သံ)



▪️ ရမ်းဗြဲတိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီအနေနဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် ဓာတုအဆိပ်ငွေ့သုံးပြီးတိုက်က်ခိုက်မှုတွေ လုပ်ဆောင်နေ (ရုပ်၊ သံ)

တိုက်ပွဲပြင်းထန်နေတဲ့ ရမ်းဗြဲမြို့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မြို့မဈေးအပါအဝင် မြို့အတွင်းနေရာအများအပြာမှာ မကြာခဏ မီးလောင်မှုတွေဖြစ်ပွားနေပါတယ်။ အဲဒီအပြင် စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေနေထိုင်နေထိုင်တဲ့ ရမ်းဗြဲမြို့နယ်အတွင်းက ကျေးရွာတွေကိုပါ ဓာတုအဆိပ်ငွေ့အသုံးပြုပြီးတိုက်ခိုက်မှုတွေလုပ်ဆောင်နေတဲ့လို့လည်းသိရပါတယ်။
ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား မြေပြင်ထိတွေ့တိုက်ပွဲ ကြီးကြီး မားမားဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက မြို့ကိုပြိုပျက်စေဖို့ ရည်ရွယ်ချက်ရှိရှိအကြမ်းဖက်တိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပ်ခတ်မှုတွေလုပ်ဆောင် နေတာဟာ ရက်သတ္တတစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်ကာ လက်ရှိမှာ ဂျက်ဖိုက်တာတွေနဲ့ ဓာတုအဆိပ်ငွေ့သုံးပြီး ကြဲချပစ်ခတ်တိုက်ခိုက်မှုှုတွေအထိ လုပ်ဆောင်နေတယ်လို့ ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။
အခုလို စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ ဓာတုအဆိပ်ငွေ့သုံးပြီး ကြဲချပစ်ခတ်တိုက်ခိုက်မှုှုကြောင့် ဒေသခံတွေ အောအန်တာတွေ၊ အစာမစားချင်စိတ်ဖြစ်တာတွေ၊ ခေါင်းမှု၊ ခေါင်းကိုက်တာတွေ စတဲ့ဝေဒ နာတွေခံစားနေကြရတယ်လို့လည်း ဒေသခံတွေကပြောဆိုကြပါတယ်။
_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews