Saturday, July 27th 2024

ရမ်းဗြဲမှာ စစ်ကောင်စီစစ်တပ်က ဓာတုအဆိပ်ငွေ့သုံးပြီးတိုက်က်ခိုက်နေ



ရမ်းဗြဲတိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီအနေနဲ့  လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် ဓာတုအဆိပ်ငွေ့သုံးပြီးတိုက်က်ခိုက်မှုတွေ လုပ်ဆောင်နေ (ရုပ်၊ သံ)

တိုက်ပွဲပြင်းထန်နေတဲ့ ရမ်းဗြဲမြို့မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် မြို့မဈေးအပါအဝင် မြို့အတွင်းနေရာအများအပြာမှာ မကြာခဏ မီးလောင်မှုတွေဖြစ်ပွားနေပါတယ်။ အဲဒီအပြင် စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေနေထိုင်နေထိုင်တဲ့ ရမ်းဗြဲမြို့နယ်အတွင်းက ကျေးရွာတွေကိုပါ ဓာတုအဆိပ်ငွေ့အသုံးပြုပြီးတိုက်ခိုက်မှုတွေလုပ်ဆောင်နေတဲ့လို့လည်းသိရပါတယ်။


ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ကြား မြေပြင်ထိတွေ့တိုက်ပွဲ ကြီးကြီး မားမားဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက မြို့ကိုပြိုပျက်စေဖို့ ရည်ရွယ်ချက်ရှိရှိအကြမ်းဖက်တိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပ်ခတ်မှုတွေလုပ်ဆောင် နေတာဟာ ရက်သတ္တတစ်ပတ်ခန့်ကြာမြင့်လာပြီဖြစ်ကာ လက်ရှိမှာ ဂျက်ဖိုက်တာတွေနဲ့ ဓာတုအဆိပ်ငွေ့သုံးပြီး ကြဲချပစ်ခတ်တိုက်ခိုက်မှုတွေအထိ လုပ်ဆောင်နေတယ်လို့ ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။


အခုလို စစ်ကောင်စီက ဂျက်ဖိုက်တာတွေနဲ့ ဓာတုအဆိပ်ငွေ့သုံးပြီး ကြဲချပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံတွေ အောအန်တာတွေ၊ အစာမစားချင်စိတ်ဖြစ်တာတွေ၊ ခေါင်းမှု၊ ခေါင်းကိုက်တာတွေ စတဲ့ဝေဒ နာတွေခံစားနေကြရတယ်လို့လည်း ဒေသခံတွေကပြောဆိုကြပါတယ်။
-----------------------------------------------
နိရဉ္စရာသတင်းဌာနက ထုတ်လွှင့်နိန်ရေ စာ သတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းတိကို အောက် ဖော်ပြပါ ပလက်ဖောင်းတိမှာလေ့သင့် ဝင်လို့ ဖတ်ရှု၊ နားဆင်နိုင်ပါဗျာလ်။
Website
https://burmese.narinjara.com/
Twitter -
https://twitter.com/narinjaran?lang=en
YouTube -
https://youtube.com/@narinjaratv
Telegram -
https://t.me/narinjaranews
VK Link -
https://vk.com/narinjaranews
Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/
Facebook -
အင်္ဂလိပ်စာသတင်း  https://www.facebook.com/Narinjaraenglish.