Saturday, July 27th 2024

အေအေရဲ့ ထိုးစစ်ကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံသူ နယ်ခြားစောင့် ၂၆၄ ယောက်အထိရှိလာ(ရုပ်/သံ)



▢ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် မြန်မာဘက်က နောက်ထပ် စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ တစ်သုတ်ပြီး တစ်သုတ် ထပ်မံထွက်ပြေးခိုလှုံလာနေတဲ့အတွက် ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းအထိဆိုရင် ထွက်ပြေးခိုလှုံလာသူ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အရေအတွက်ဟာ ၂၆၄ ယောက်အထိ ရှိနေပြီးလို့ ဒေသအတွင်း သတင်းတွေက ဆိုပါတယ်။

သူတို့ဟာ နယ်စပ်မှာ ရက္ခိုင့်တပ်တော်နဲ့ တိုက်ပွဲဖြစ်ပွားရာကနေ လက်နက်တွေနဲ့ ထွက်ပြေးလာကြပြီး ဘင်္ဂလားဒေ့ရှ်ကို ခိုလှုံလာကြသူတွေဖြစ်ကြပါတယ်။

အရင်အစောပိုင်းက ဝင်ရောက်လာသူ ၁၁၃ ယောက်ရှိပြီး လက်ရှိ ဝင်ရောက်ခိုလှုံလာသူ ၁၅၁ ယောက်နဲ့ ဆိုရင် စုစုပေါင်း ၂၆၄ ယောက်ရှိသွားပြီလို့ ဒက္ကား ထရိန်းဗျူး သတင်းစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်တလျှောက်မှာ စစ်ရေးအခြေအနေတင်းမာနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ သေဆုံးမှုရှိလာတာကြောင့် မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့က ဆင့်ခေါ်ကန့်ကွက်ခဲ့တယ်လို့လည်း သိရပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews