Saturday, July 27th 2024

မြောက်ဦးကို ရက္ခိုင့်တပ်တော်အပြီးသတ်သိမ်းပိုက်လိုက်ပြီ (ရုပ်/သံ)



နိရဉ္စရာ၊ ဖေဖော်ဝါရီ ၉/၂၀၂၄

ရခိုင်ရှေးဟောင်းမင်းနေပြည်တော် မြို့တော်ဟောင်း မြောက်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖေဖော်ဝါရီ ၈ ရက် နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ရေပြင်တိုက်ပွဲမှာလည်း စစ်ကောင်စီ ရေတပ်နေဗီ ၃ စင်းကို တိုက်ခိုက်နစ်မြုပ်ပစ်နိုင်ခဲ့နိုင်တယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ညီနောင် ၃ ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရက္ခိုင်ပြည်၊ မြောက်ဦးက စစ်ကောင်စီရဲ့ လက်ကျန် တစ်ခုတည်းလည်းဖြစ်၊ ပြည်သူလူထုနဲ့ ရှေးဟောင်း သမိုင်းဝင်အမွေအနှစ်တွေကို နှစ်ရှည်လများ ဒုက္ခပေးလာခဲ့တဲ့ “ရဲတပ်ရင်း (၃၁)” ကို ရက္ခိုင့်တပ်‌တော်က အပြီးသတ် ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။

မြောက်ဦးမြို့မှာ ခမရ (၅၄၀)၊ (၃၇၇) နဲ့ (၃၇၈) တပ်ရင်းတွေနဲ့ အမှတ် (၃၁) ရဲတပ်ရင်းတစ်ခုတို့ တည်ရှိပြီး အဲဒီစစ်ကောင်စီတပ်ရင်းလုံးကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်တဲ့အတွက် မြောက်ဦးမြို့ဟာ ရက္ခိုင့်တပ်တော်လက်ထဲ အပြီးသတ် ကျရောက်သွားခဲ့ပြီဖြစ်ပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews