Saturday, July 27th 2024

ရခိုင်ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းနှင့် အင်တာဗျူး



"ဒီအရှိန်အတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ကျွန်တော့်အထင် မိုးမကျခင် ရခိုင်ပြည် အလယ်ပိုင်းနဲ့ မြောက်ပိုင်းမြို့နယ်အကုန်လုံးဟာ ULA/AA တပ်ဖွဲ့ဆီမှာ အသိမ်းခံရနိုင်တဲ့ အခြေနေရှိပါတယ်။ ရခိုင်တစ်ပြည်နယ်လုံးလည်း ဖြစ်သွားနိုင်တယ်"

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၂/၂၀၂၄

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှာ စတင်ခဲ့တဲ့ ရခိုင်စစ်ပွဲဟာ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေနဲ့ အရှိန်အဟုန်ပြင်းထန်နေပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်ကနေ ဒီနေ့ ဖေဖော်ဝါရီ ၉ ရက်အထိ ရက္ခိုင့်တပ်တော်(AA) က ပလက်ဝ၊ ဆမီး၊ ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် နှင့် တောင်ပြို(လက်ဝဲ-လက်ယာ) မြို့တွေနဲ့ ရခိုင်ပြည်အနှံ့ တပ်စခန်း၊ ဗျူဟာတွေကို သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

လက်ရှိမှာလည်း ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တောမြို့တွေမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း စစ်ပွဲတွေပြင်းထန်လာတာနဲ့ အတူ ရခိုင်မှာ စစ်ဘေးရှောင်တွေ တစ်နေ့ထက်တစ်နေ့များလာနေပါတယ်။ စစ်ကောင်စီက ကူညီကယ်ဆယ်ရေးတွေပိတ်ပင်ထားသလို လမ်းပန်းဆက်သွယ်ရေးတွေ ဖြတ်တောက်ထားလို့ စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး အခက်အခဲတွေ ဆိုးဆိုးဝါးဝါးရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိ မြေပြင်တိုက်ပွဲအခြေအနေ၊ စစ်ဘေးရှောင်တွေရဲ့အခြေအနေနဲ့ ရခိုင်စစ်ရေးနိုင်ငံရေး အပြောင်းအလဲ အခြေအနေတွေကို သိရှိနိုင်ဖို့အတွက် ရခိုင်ဝါရင့်နိုင်ငံရေးသမားဦးဖေသန်းကို နိရဥ္စရာရဲ့ အကြီးတန်းသတင်းထောက် မအေးမြတ်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews