Saturday, April 27th 2024

မတ်လ ၂ ရက်နေ့ နိရဉ္စရာရုပ်သံ အစီအစဉ်



တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်မှာ စစ်ကောင်စီ သကြင်္န်ပွဲတော် ကျင်းပဖို့ စီစဉ်နေ(ရုပ်/သံ)

နိရဉ္စရာ၊ မတ် ၂၇/၂၀၂၄

ရက္ခိုင့်တပ်တော်က ရခိုင်က စစ်ကောင်စီတပ်စခန်းတွေ မြို့တွေကို အရှိန်အဟုန်မြင့် ထိုးစစ်တွေ ဆင်နွှဲနေသလို မြို့တော်စစ်တွေကိုလည်း စစ်ရေးအရ ခြိမ်းခြောက်မှုတွေ ရှိလာနေချိန်မှာ စစ်ကောင်စီက စစ်တွေမြို့မှာ ရခိုင်ရိုးရာသကြင်္န်ပွဲတော်ကို ကျင်းပ ဖို့စီစဉ်နေပါတယ်။

မတ်လ ၂၆ ရက်နေ့ နေ့လယ်က ရခိုင်ပြည်အတွင်း ရခိုင်ရိုးရာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းဦးဆောင်တဲ့ စစ်ကောင်စီအဖွဲ့က စစ်တွေမြို့က ပြည်နယ်ကောင်စီ ရုံးမှာ ပြုလုပ်ခဲ့ပါတယ်။

ရခိုင်ရိုးရာသင်္ကြန်ဟာ ရခိုင်လူမျိုးတို့ရဲ့ အထင်ကရ ခန်းနား ကြီးကျယ်တဲ့ ပွဲတော်ကြီးတစ်ခုဖြစ်ပြီး လူတိုင်းပါဝင်ဆင်နွှဲကြတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရခိုင်ပြည်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒီနှစ်မှာတော့ စည်စည်ကားကား ကျင်းပနိုင်မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

ရက္ခိုင့်တပ်တော်အေအေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီက အရပ်သားတွေနေတဲ့ မြို့ရွာတွေကို အဓိက ပစ်မှတ်ထားပြီး လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ အတွက် သင်္ကြန်ကာလမှာလည်း အပျော်မလွန်ကြဖို့နဲ့ အထူး သတိထားဖို့ လိုအပ်နေတယ်လို့ ရခိုင်အမျိုးသားရေးလှုပ်ရှားနေသူတွေက ပြောဆိုကြပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews