Saturday, July 27th 2024

ရက္ခိုင့်တပ်တော် သိမ်းပိုက်ထားတဲ့ မင်းပြား နဲ့ မြေပုံမြို့ကို စစ်ကောင်စီ ဗုံးကြဲ (ရုပ်/သံ)



နိရဉ္စရာ၊ မတ်လ ၃၀/၂၀၂၄

ရက္ခိုင့်တပ်တော်(AA) သိမ်းပိုက်ထားတဲ့ မင်းပြားနဲ့ မြေပုံမြို့နယ်တွေက လူနေကျေးရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိခိုက်ဒဏ်ရာရရှိသွားပါတယ်။

မင်းပြားမြို့နယ်၊ သေကန်‌ကျေးရွာကို မတ်လ ၂၉ ရက်၊ ည ၁၁ နာရီကနေ စပြီး ၁၀ မိနစ်ကြာ ဂျက်ဖိုက်တာနဲ့ စစ်ကောင်စီတပ်က ၃ ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ဗုံးကြဲတဲ့အတွက် ကျည်စထိမှန်က သေကန်ရွာ ဆရာတော်နဲ့ ဒေသခံတစ်ယောက်က ဒဏ်ရာရရှိပြီး ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ် ၇ လုံး ပျက်စီးသွားတယ်လို့ သေကန်ရွာက အမျိုးသမီးကြီးတစ်ယောက် ပြောပါတယ်။

သေကန်ကျေးရွာကို အခုတစ်ကြိမ် ဗုံးကြိမ်မှုဟာ ၄ ကြိမ်မြောက်ဖြစ်ပြီး လေကြောင်း ပစ်ခတ်မှုတွေကြောင့် စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ်ပေါင်း အနည်းဆုံး ၃၀ ကျော်ပျက်စီးခဲ့ရတယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

ဒီနေ့ မနက်ပိုင်းကလည်း မတ်လ ၃၀ ရက် မနက်အစောကြီးအချိန်မှာ မြေပုံမြို့နယ်၊ စညှင်းကုန်း ကျေးရွာကိုလည်း ဂျက်ဖိုက်တစ်စီး၊ ရဟတ်ယာဉ်တစ်စီးနဲ့ လာရောက် ဗုံးကြဲခဲ့ပြီး အပျက်အစီး အထိအခိုက်ကို နိရဉ္စရာက ဆက်လက်စုံစမ်းနေပါတယ်။

ရခိုင်မှာ မတ် ၁ ရက်နေ့ကနေ ဒီနေ့ မတ် ၃၀ နေ့အထိ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု ၂၅ ကြိမ် အထိပြုလုပ်ခဲ့ပြီး လူပေါင်း ၄၈ ယောက်သေဆုံးပြီး ၆၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီထဲက သေဆုံးသူတွေမှာ အသက် ၁ နှစ်ကနေ အသက် ၇၀ နှစ်ကြားဖြစ်ကြပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုအများဆုံးခံခဲ့ရတဲ့ မြို့မှာ မင်းပြား (၈) ကြိမ်ဖြစ်ပြီး ဒုတိယအများဆုံးကတော့ မြောက်ဦး အများဆုံး (၅) ကြိမ်တို့ဖြစ်တယ်လို့ နိရဉ္စရာရဲ့ ကောက်ယူထားတဲ့ စာရင်းတွေအရသိရပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews