Saturday, July 27th 2024

အမ်း - ပဒါန်းလမ်းကို ရက်အကန့်အသတ်မရှိ အရေးပေါ် အေအေက ဘာကြောင့် ပိတ်ထားလိုက်ရပါသလဲ (ရုပ်သံ)



နိရဉ္စရာ၊ ဧပြီ ၃/၂၀၂၄

ရက္ခိုင့်တပ်တော် (AA)က ရခိုင်ပြည် အမ်းမြို့နယ်နဲ့ ဗမာပြည် မကွေးတိုင်း၊ ငဖဲမြို့နယ် ပဒါန်းရွာတို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းကို ရက်အကန့်အသတ်မရှိ အရေးပေါ်ပိတ်လိုက်ပြီးဖြစ်တယ်လို့ ဒီနေ့ ဧပြီ ၂ ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီလို ပိတ်လိုက်ရတာဟာ အမ်းမြို့နယ်နဲ့ မကွေးတိုင်းကို ဆက်သွယ်ထားတဲ့ ကားလမ်းတွေကို အသုံးပြုပြီး စစ်ကောင်စီက စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ရွှေ့ပြောင်းခြင်း၊ ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေသယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတစ်လျှောက် မိုင်းတွေ ထောင်ထားခြင်းတို့ကို ပြုလုပ်တဲ့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုင် ၆၀ ကျော် ရှည်လျားတဲ့ အဲဒီကားလမ်းမတစ်လျှောက်မှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားလာတာကြောင့် ပိတ်ပင်လိုက်ခြင်းဖြစ်တယ်လို့လည်း AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်မှာ တိုက်ပွဲဖြစ်ပွားကတည်း ရခိုင်ကို ကုန်းလမ်း၊ ရေလမ်းတွေ စစ်ကောင်စီက ပိတ်ထားခဲ့ပြီးဖြစ်တဲ့အတွက် အခု ရက္ခိုင့်တပ်တော်က ပိတ်လိုက်တဲ့ အမ်း - ပဒါန်းလမ်းကို အနီးအနားဒေသခံပြည်သူတွေ အသုံးပြုခွင့်မရဘဲ စစ်ကောင်စီက စစ်အင်အား၊ ရိက္ခာလက်နက်တွေသာ ဖြည့်တင်းရာမှာ အသုံးပြုနေတဲ့ လမ်းဖြစ်တယ်လို့ အမ်းဒေသခံတစ်ယောက်က ပြောပါတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews