Friday, May 3rd 2024

မြေမြှုပ်မိုင်း အန္တရာယ် နဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်သူတွေ



နိရဉ္စရာ၊ ဧပြီ ၂၃/၂၀၂၄

ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက် ညပိုင်းက စစ်တွေမြို့နယ် ဂန့်ဂေါ်ကျွန်းမှာ စစ်ဘေးရှောင်ဖို့ ထွက်ပြေးလာတဲ့ ရခိုင်လူမျိုး ၂၀၀ ခန့်ဟာ စစ်ကောင်စီတပ်ရဲ့ သေနတ်နဲ့ ပစ်ခတ် ဟန့်တားခြင်းခံခဲ့ရပါတယ်။

သေနတ်သံကြောင့် စစ်ဘေးရှောင်လူအုပ်စုဟာ ညအမှောင်ထဲမှာ ပြေးမိပြေးရာ ထွက်ပြေးကြရင်း ကံအကြောင်းမလှသူတို့ စစ်တပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်း တက်နင်းမိပြီး ပေါက်ကွဲရာက လူ လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်။

မိုင်းပေါက်ကွဲလို့ ခြေထောက်ပြတ်သူတွေ ရှိသလို ပြေးမိပြေးရာ ပြေးရင်း စစ်တပ်ရဲ့ ဖမ်းဆီးခံရသူတွေရှိသလို တချို့လည်း လွတ်မြောက်သွားခဲ့တယ်။

ဒီအဖြစ်အပျက်ဟာ ပိတ်မိနေတဲ့ မြို့ပေါ်က လွတ်မြောက်ဖို့ အရဲစွန့်ထွက်ပြေးရင်း မိုင်းအန္တရာယ်နဲ့ ကြုံရတာဖြစ်ပြီး ဧပြီလ ၂၀ ရက်ကတော့ ကျောက်ဖြူနဲ့ မင်းပြားမှာ မိုင်းပေါက်လို့ ရွာသားတစ်ဦး သေဆုံးပြီး တစ်ဦးခြေထောက်ပြတ်သွားခဲ့တယ်။

ဒီနေ့ ဧပြီ ၂၂ ရက်နေ့ ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေကျေးရွာက ဦးတင်ဝင်း အသက်(၄၄)နှစ် နဲ့ တစ်ရွာထဲနေ ကိုမောင်မြင့်ဝင်း အသက်(၂၂)နှစ်တို့ဟာ တောင်ယာကို ဟင်းခူးသွားချိန် မြေမြှုပ်မိုင်းနင်းမိလို့ အမျိုးသား အင်္ဂါနှင့် ပေါင်ကြားတွေ အပြင် ခန္ဒာကိုယ်အနှံ့ မိုင်းစထိပြတ်ရှဒဏ်ရာတွေ ရရှိခဲ့တယ်လို့ မိသားစုဝင်တစ်ဦးက နိရဉ္စရာကို ပြောပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews