Saturday, July 27th 2024

စစ်ကောင်စီတပ်က မွတ်ဆလင်တွေကို လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့ကြောင်း အာရက္ခတပ်တော် ထုတ်ပြန်



စစ်ကောင်စီတပ်က မွတ်ဆလင်တွေကို လူသားဒိုင်းကာအဖြစ် အသုံးပြုခဲ့ကြောင်း အာရက္ခတပ်တော် ထုတ်ပြန်

ဘူးသီးတောင်မြို့နယ်က စစ်ကောင်စီတပ် ဗျူဟာဌာနချုပ်အပါအဝင် တပ်ရင်း၊ တပ်စခန်းတွေအားလုံးကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ချိန်မှာ စစ်ကောင်စီတပ်သားတွေက မွတ်ဆလင်ရွာသားတွေကို လူသားဒိုင်းကာအဖြစ်အသုံးပြုခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ တပ်မင်းချောင်းကျေးရွာကို စုပြုံရောက်ရှိလာတဲ့အတွက် သူတို့ကို ကြောက်လန့် ပြီး ထွက်ပြေးလာတဲ့ မွတ်ဆလင်တွေကို အာရက္ခတပ်တော်က ကူညီကယ်ဆယ်ခဲ့ရပြီး ထွက်ပြေးလာတဲ့ မွတ်ဆလင်အမျိုးသမီးတစ်ဦးက ဘူးသီးတောင်မြို့ပတ်ဝန်းကျင်မှာ လက်ရှိ ဖြစ်ပျက်နေတဲ့အခြေအနေတွေကို ရုပ်သံမှာ ပါတဲ့အတိုင်း ရင်ဖွင့်သွားတာ တွေ့ရပါတယ်။


ထုတ်ပြန်ချက်အပြည့်အစုံ

ဘူးသီးတောင် ဗျူဟာဌာနချုပ်အပါအဝင် ဘူးသီးတောင်ရှိ တပ်ရင်းများအားလုံးကို အာရက္ခတပ်တော်မှ တစ်ခုမကျန် သိမ်းပိုက်လိုက်ပြီးသည့်အချိန်တွင် အဆိုပါရန်သူ့စခန်းများမှ တပ်ဖွဲ့ဝင်များသည် တပ်မင်းချောင်းရွာအတွင်းသို့ စုပြုံရောက်ရှိသွားခဲ့ကြပြီး အဆိုပါရွာသူ၊ ရွာသားများအား လူသားဒိုင်းကာသဖွယ်အသုံးပြုခဲ့ကြသည်။

ထို့ကြောင့် အဆိုပါ ရွာသူ၊ ရွာသားများမှာ စစ်ကောင်စီ၏ရန်ကို ကြောက်လန့်၍ ထွက်ပြေးလာခဲ့သောကြောင့် အာရက္ခတပ်တော်မှ ၂၀၂၄ ခုနှစ်၊ မေလ (၁၉) ရက်နေ့တွင်ကူညီကယ်ဆယ်ခဲ့သည်။

ဤကဲ့သို့ စစ်ကောင်စီထံမှ ထွက်ပြေးလာကြပြီး စစ်ဘေးရှောင်လာကြသော တပ်မင်းချောင်းကျေးရွာ၊ ရွာသူ၊ ရွာသားများထဲမှ မူဆလင်အမျိုးသမီးတစ်ဦးမှ ဘူးသီးတောင်မြို့ပတ်ဝန်းကျင် မြေပြင်တွင် လက်ရှိပကတိ ဖြစ်ပျက်နေသော အဖြစ်အပျက်များအား ရုပ်သံတွင်ပါရှိသည့်အတိုင်း ရင်ဖွင့်ပြောပြခဲ့သည်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews