Saturday, October 12th 2024

အာရက္ခတပ်တော်ရဲ့ မောင်တောမြို့သိမ်းတိုက်ပွဲနဲ့ ရခိုင်စစ်ရေး သုံးသပ်ချက် (ရုပ်သံ)



အာရက္ခတပ်တော်ရဲ့ မောင်တောမြို့သိမ်းတိုက်ပွဲနဲ့ ရခိုင်စစ်ရေး သုံးသပ်ချက် (ရုပ်သံ)

နိရဉ္စရာ၊ သြဂုတ် ၂၉ ရက်/ ၂၀၂၄

ရခိုင်ပြည်အနောက်ဘက်နယ်စပ် ဘဂ်လားဒေ့ရှ်နဲ့ ကပ်ရတည်ရှိတဲ့ မောင်တောမြို့ကို အာရက္ခတပ်တော် အေအေက မြို့သိမ်းတိုက်ပွဲဆင်နွဲနေရာ အခုအခါ မြို့တခုလုံးကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်တဲ့ အနေအထားကို ရောက်နေပြီလို့ သိရပါတယ်။

အာရက္ခတပ်တော်ဟာ စီးပွားရေးအရရော နိုင်ငံရေးအရပါ အရေးပါလှတဲ့ မောင်တောမြို့ကို သိမ်းပိုက်ပြီးရင်တော့ သိမ်းပိုက်ရရှိထားတဲ့ မြို့အရေအတွက် ၁၁ ခုထိ တိုးလာမှာဖြစ်ပါတယ်။

လက်ရှိ သံတွဲမြို့မှာလည်း ဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ မောင်ရွှေလေး ရေတပ်တခုသာ ကျန်ရှိတော့သလို ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့ကို သိမ်းပိုက်နိုင်ရေး အတွက်လည်း ချီတက်တိုက်ခိုက်နေပြီဖြစ်ပါတယ်။

ခုလို စစ်ရေးအခြေအနေတွေကြောင့် အေအေ သိမ်းပိုက်ဖို့ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်နဲ့ မာန်အောင်မြို့တို့သာ ကျန်ရှိနေပြီး ဒီ ၂၀၂၄ ခုနှစ်အတွင်းမှာ အဲဒီမြို့ ၅ မြို့ကို သိမ်းပိုက်နိုင်ရေး အေအေက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လာနိုင်တာကြောင့် ရခိုင်ရဲ့ အဆုံးသတ်တိုက်ပွဲက ဘယ်လိုဖြစ်လာမလဲဆိုတာ အချိန်အနည်းငယ်ပေးပြီး ဆက်လက်စောင့်ကြည့်ကြရမှာဘဲဖြစ်ပါတယ်ရှင့်။
------------
Join this channel to get access to perks:
https://www.youtube.com/channel/UCgVG_9h2FI2D4Z1d_z4t3Hg/join
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews